Powered by Blogger.

John Stones အတွက် ချဲလ်ဆီးအသင်းရဲ့ ဒုတိယ အကြိမ်ကမ်းလှမ်းမှုကို အဲဗာတန် ထပ်မံ ပယ်ချ





အဲဗာတန်း အသင်းဟာ အသင်းရဲ့နောက်တန်း ကစားသမား John Stones ကို ချဲလ်ဆီး အသင်းက စတာလင်ပေါင် ၂၆ သန်း နဲ့ ဒုတိယ အကြိမ်ကမ်းလှမ်းမှု ကို ထပ်မံ ပယ်ချ လိုက်ပါတယ်။

ချဲလ်ဆီးအသင်းဟာ နောက်ခံလူ John Stones ကို ခေါ်ယူနိုင်ဖို့အတွက် အရမ်းကို စိတ်အားထက်သန်နေပြီး လွန်ခဲ့တဲ့ ၂ ပတ် ခန့်ကလည်း စတာလင်ပေါင် သန်း ၂၀ နဲ့ ကမ်းလှမ်းခဲ့မှုကို အဲဗာတန် အသင်းဘက် ကပယ်ချခဲ့တဲ့အတွက် ဈေးနှုန်း အသစ်နဲ့ ထပ်မံ ကမ်းလှမ်းလိုက်တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဗာတန် အသင်းကတော့ အသက် ၂၁ နှစ်အရွယ် ကစားသမား John Stones ဟာ ရောင်းဖို့ မဟုတ်ဘူးလို့ တရားဝင် ကြေညာထားပါတယ်။

ဒီလ အစောပိုင်းမှာတုန်းက Mirror Sport သတင်းဌာနက တစ်ဆင့် အဲဗာတန် အသင်းဘက်က ပြောပြဖူးတာကတော့ သူတို့ဟာ နောက်တန်းကစာသမား John Stones အတွက် ဗြိတန်နိုင်ငံရဲ့ နောက်တန်းကစားသမား စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်လာမယ့် စတာလင်ပေါင်၃၄ သန်း နဲ့ ကမ်းလှမ်းစေချင်နေပါတယ်။

ချဲလ်ဆီး အသင်းကတော့ John Stones ကို ပရီးမီးယားလိဂ် ရာသီ အသစ်မစခင်မှာ သဘောတူ စာချုပ်ချုပ်ကာ ခေါ်ယူချင်နေပါတယ်။ တစ်ဖက်မှာလည်း John Stones ကို စံချိန်တင်ပြောင်းရွှေ့ကြေးမျိုးနဲ့ ကမ်းလှမ်းဖို့ မန်ချက်စတာ စီးတီး အသင်းကလည်း စိတ်ဝင်စားနေပါသေးတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment