Powered by Blogger.

ရီးရဲမက်ဒရစ် အသင်းမှာ စာချုပ်သက်တမ်းတိုးလိုက် တဲ့ Sergio Ramos




Sergio Ramos ဟာ ရီးရဲမက်ဒရစ် အသင်းနဲ့အတူ စာချုပ်အသစ်တစ်ရပ် ချုပ်ဆိုတော့မှာ ဖြစ်ပြီး ထိုစာချုပ်အရ Ramos ဟာ ရီးရဲမက်ဒရစ် မှာ ၂၀၂၀ ခုနှစ် ဇွန်လအထိ ရှိနေစေမှာ ဖြစ်ပါတယ်။

စပိန် လက်ရွေးစင် နောက်တန်းကစားသမား ဟာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အိုးထရက်ဖို့ဒ် ကွင်းကို ပြောင်ရွှေ့ဖို့အတွက် ဒီအပြောင်းအရွှေ့ကာလတစ်ခုလုံး ကြိုးစားနေခဲ့ပေမယ့်လည်း သူဟာ ထိုက်တန်တဲ့ ကမ်းလှမ်းမှု မျိုးကို မရခဲ့ရှာပါဘူး။

ဒါပေမယ့်လည်း ရီးရဲမက်ဒရစ် အသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်သူ Florentino Perez နဲ့ အောင်မြင်စွာ တွေ့ဆုံပြီးတဲ့အခါမှာတော့ Ramos ကို ရီးရဲမက်ဒရစ် အသင်းက သူ့ရဲ့ အရင်ကျန်ရှိနေတဲ့ သဘောတူစာချုပ်အပြင် နောက်ထပ် ၃ နှစ်စာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်ပြီး သူ့ရဲ့ အနာဂါတ်ကိုလည်း ရီးရဲမက်ဒရစ် အသင်းရဲ့ ဘာနေဗျူးကွင်းထဲမှာ ကုန်ဆုံးဖို့ သေချာစေခဲ့ပါတယ်။

လက်ရှိ ရီးရဲမက်ဒရစ် အသင်းမှာ ဂိုးသမားကောင်းတစ်ယောက်လည်းဖြစ်သလို ကပ္ပတိန်ဟောင်း တစ်ယောက်လည်းဖြစ်တဲ့ Iker Casillas ဟာ အသင်းက ထွက်ခွာသွားပြီဖြစ်တဲ့အတွက် သူ့ရဲ့ ကပ္ပတိန် လက်ပတ်ကို Sergio Ramos က လက်ဆင့်ကမ်း တာဝန် လွှဲပြောင်းယူသွားမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီလအစောပိုင်းတုန်းက Ramos ကို စတာလင်ပေါင် ၂၈ သန်း နဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း သူတို့ရဲ့ ကမ်းလှမ်းခဲ့တဲ့ ငွေကြေး ပမာဏ ဟာ မလုံလောက်နိုင်ဘူးဆိုတာလည်း မန်ယူအသင်းကတာဝန်ရှိသူတွေ သိရှိခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Ramos နဲ့ မန်ယူအသင်း ကြားမှာတော့ တစ်ပတ် လုပ်အားခ ၂၀၀,၀၀၀ ဆိုတဲ့ သဘောတူညီမှု တစ်ခုကိုတော့ ရထားပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment