လက်ရှိ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အလယ်တန်းကစားသမား Angel Di Maria ဟာ လာမယ့် စနေ ၊ တနင်္ဂနွေမှာ ပဲရစ်ကို သွားရောက်ပြီး မန်ယူ အသင်းကို အပြီးသတ်စွန့်ခွာဖို့ ဆောင်ရွက်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
ပြင်သစ် ထိပ်တန်း ကလပ် အသင်းတစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းဟာ အာဂျင်တီးနား လက်ရွေးစင် အလယ်တန်းကစားသမား Angel Di Maria ကို ၄ နှစ် စာချုပ် အပြင် ၁ နှစ် အပိုထပ်ဆောင်းရွေးချယ်ခွင့် နဲ့ စုစုပေါင်း ၅ နှစ်သက်တမ်း အတွက် သဘောတူညီပြီးဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့တော့ Angel Di Maria ကို မနှစ်ကနွေရာသီတုန်းက ရီးရဲမက်ဒရစ် အသင်းထံကနေ စတာလင်ပေါင် ၅၉.၇ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ပြောင်းရွှေ့ကြေးနဲ့ ကိုက်ညီမယ့် ပြောင်းရွှေ့ကြေးကို ပီအက်စ်ဂျီ အသင်းထံမှ ပြန်လည် လိုချင်နေပါတယ်။ ပီအက်စ်ဂျီ အသင်း ရဲ့ ပထမအကြိမ် ကမ်းလှမ်းခဲ့တဲ့ စတာလင်ပေါင် ၂၉ သန်းဆိုတဲ့ ပြောင်းရွှေ့ကြေးဟာ မလုံလောက်သေးဘူးလို့လည်း မန်ယူ အသင်းက ပြောပြီးသားပါ။
ပီအက်စ်ဂျီ အသင်းကတော့ Di Maria ကို တစ်ပတ် လုပ်အားခ စတာလင်ပေါင် ၂၀၀၀၀၀ နဲ့ ကမ်းလှမ်းထားဖြစ်ပြီး လာမယ့် တနင်္လာ နေ့ မှာ ဆေးစစ် ရမှာ ဖြစ်တယ်လို့ သိရပါတယ်။ သဘောတူညီမှု အသေးစိတ်ကိုတော့ နောက်တစ်ပတ်ထဲမှာ ထုတ်ပြန်မယ်လို့လည်း ဆိုထားပါတယ်။
မန်ယူ အသင်းဘက် ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး ဘယ်လောက်ပဲ မလုံလောက်သေးဘူးပြောပြော ပီအက်စ်ဂျီ မန်နေဂျာ Laurent Blanc ကတော့ အာဂျင်တီးနား လက်ရွေးစင် Angel Di Maria ရဲ့ အပြောင်းအရွှေ့ သဘောတူညီမှု ဟာ ပြီးဆုံးသွားပြီဖြစ်တယ်လို့ အခိုင်အမာဆိုထားပါတယ်။
( Mario )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Mirror
0 comments :
Post a Comment