Powered by Blogger.

အက်သလက်တီကို အသင်းကို ပြန်လည်ပြောင်းရွှေ့သွားတဲ့ ချဲလ်ဆီး နောက်ခံလူ Filipe Luis




ချဲလ်ဆီး အသင်းရဲ့ နောက်တန်းကစားသမား Filipe Luis ဟာ အက်သလက်တီကို မက်ဒရစ် အသင်းကို ပြန်လည်ပြောင်းရွှေ့သွားပြီဖြစ်ပြီး ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်လို့ ၂ သင်းလုံးဘက်က ဘာမှဖွင့်ဟပြောဆိုခဲ့ခြင်းမရှိပါဘူး။

အမှန်တစ်ကယ်က Filipe Luis ဟာ အက်သလက်တီကို မက်ဒရစ် အသင်းကနေ ချဲလ်ဆီး အသင်း ကို စတာလင်ပေါင် ၁၅.၈သန်း နဲ့ ပြောင်းရွှေ့လာခဲ့တာ ၁ နှစ်သာရှိပါသေးတယ်။ အခုတော့ သူဟာ အက်သလက်တီကို မက်ဒရစ် အသင်းကို ပြန်လည် ပြောင်းရွှေ့သွားခဲ့ပါပြီ။

ဘရာဇီးလ် နိုင်ငံသား ကစားသမား တစ်ယောက်အတွက် မျှော်လင့်ချက် ကောင်းကောင်း ရှိနိုင်တာကို မေ့ထားလိုက်မယ်ဆိုရင်တော့ Luis ဟာ ချဲလ်ဆီးအသင်းနဲ့ ၂၆ ပွဲသာ ကစားခဲ့ရပြီး ချဲလ်ဆီးအသင်းရဲ့ ပဲ့ကိုင်ရှင် Jose Mourinho ရဲ့ ကစားကွက်တွေအောက်မှာ မှန်ကန်တဲ့ နေရာ ကို မရနိုင်ခဲ့ရှာပါဘူး။

ဘယ်တောင်ပံ နောက်တန်းကစားသမားဟာ အခုတစ်ကြိမ် ချဲလ်ဆီးကနေ အက်သလက်တီကို မက်ဒရစ် အသင်းသို့ ပြန်လည် ပြောင်းရွှေ့တဲ့အခါမှာတော့ အက်သလက်တီကို မက်ဒရစ် အသင်းနဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

"ကျွန်တော် တို့အားလုံးဟာ Filipe Luis ကို သိကြပါတယ်။ ကမ္ဘာပေါ်မှာ အရည်အချင်းအရှိဆုံး တောင်ပံကစားသမားတစ်ယောက်ရှိလာတဲ့အတွက် ကျွန်တော်တို့အသင်းပိုမို အားကောင်းလာမှာပါ။ သူ့အနေနဲ့လည်း ကျွန်တော်တို့အသင်းနဲ့ အသင်းရဲ့ ကစားပုံတွေကို သိနေတဲ့အတွက် သူဟာ လျင်မြန်စွာ တစ်သားတည်းကျလာမှာပါ။" လို့ အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ အားကစားရေးရာ ဒါရိုက်တာ Jose Luis Perez Caminero က အသင်းပိုင် ၀က်ဘ်ဆိုက် ကို ပြောပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment