Powered by Blogger.

Mourinho နဲ့ Wenger တို့ရဲ့ ရာသီအကြို စကားလုံးစစ်ပွဲ စတင်နေ





ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ၂ ခု ဖြစ်တဲ့ ချဲလ်ဆီး အသင်းနဲ့ အာစင်နယ် အသင်းတို့ဟာ ဒီတစ်ပတ် ထဲမှာ ယှဉ်ပြိုင်မယ့် ကွန်မြူနတီ ဖလားပွဲစဉ်မတိုင်ခင်မှာ ပဲ့ကိုင်ရှင် ၂ ဦး ရဲ့ စကားလုံး တိုက်ပွဲ တွေစတင်လာပါပြီ။

ချဲလ်ဆီးအသင်းရဲ့ မန်နေဂျာ ဖြစ်သူ Jose Mourinho ဟာ အာစင်နယ် အသင်း ရဲ့ မန်နေဂျာ Arsene Wenger ကို အရှုံးစပယ်ရှယ်လစ် တစ်ယောက်လို့ သမုတ်လိုက်ပါတယ်။ သူ့ဘက်က အခိုင်အမာ ရှုံ့ချခဲ့တာကတော့ ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ Arsene Wenger လောက် ငွေကြေး သုံးစွဲခဲ့ခြင်းမရှိပဲ အောင်မြင်မှု ကို ရခဲ့တာပါတဲ့။

" သင်သာ ကလပ်အသင်း ပြီးခဲ့တဲ့ ၃ နှစ် ၄ နှစ်အတွင်းမှာ သုံးခဲ့တဲ့ ငွေကြေး ပမာဏကို ထုတ်ပြလိုက်ရင် သင် အံ့သြသွားပါလိမ့်မယ်။ ဂဏန်းပေါင်းစပ် ယူလိုက်ပါ။ ဒါဟာ အလွယ်ဆုံး နည်းလမ်းပါ။ သူတို့ဟာ အကောင်းဆုံး ဂိုးသမားတစ်ယောက်ကို ၀ယ်ယူခဲ့ပါတယ်။ ဒါဟာ အသင်းအတွက် အရေးအကြီးဆုံး တစ်ခုပါ. ပြီးတော့ Ozil ၊ Sanchez ၊ Chamber ၊ Debuchy တို့ကို ၀ယ်တာတွေပါ ပေါင်းကြည့်လိုက်ပါ။ သင်အံ့သြစရာတွေတွေ့သွားပါလိမ့်မယ်" လို့ Mourinho က ပုတ်ခတ် ပြောဆိုလိုက်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၁၂ လ အတွင်းမှာတော့ အာစင်နယ် အသင်းဟာ အပြောင်းအရွှေ့ ဈေးကွက် အတွင်း စတာလင်ပေါင် သန်း ၁၀၀ အသုံးပြုခဲ့ပြီး ချဲလ်ဆီး အသင်းကတော့ စတာလင်ပေါင် ၈၂ သန်း သာ သုံးစွဲခဲ့တာဖြစ်ပါတယ်။

အာစင်နယ် အသင်းဟာ ဇန်န၀ါရီ အပြောင်းအရွှေ့ကာလတုန်းက Alexis Sanchez ကို စတာလင်ပေါင် ၃၃ သန်း ၊ Calum Chambers ကို စတာလင်ပေါင် ၁၆ သန်း ၊ Danny Welbeck ကို စတာလင်ပေါင် ၁၆ သန်း နဲ့ Gabriel Paulista တို့ကို စတာလင်ပေါင် ၁၃.၅ သန်း အသီးသီး အသုံးပြုပြီး ကစားသမား တွေခေါ်ယူခဲ့ပါတယ်။ လက်ရှိ အပြောင်းအရွှေ့ကာလမှာလည်း Mourinho ဟာ ချဲလ်ဆီးအသင်းအတွက် အဲဗာတန် အသင်းရဲ့ နောက်ခံလူ John Stones ကို ဗြိတိန် စံချိန်တင်ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၃၄ သန်း နဲ့ ခေါ်ယူနေချိန်မှာ Wenger ကတော့ ချဲလ်ဆီးအသင်းရဲ့ ဂိုးသမား Petr Cech ကို စတာလင်ပေါင် ၁၁ သန်း နဲ့ ခေါ်ယူခဲ့ပြန်ပါတယ်။

"သူတို့မှာ အကောင်းဆုံးကစားကွက်ကိုပုံဖော်နိုင်မယ့် ကစားသမား တွေရှိပါတယ်။ သူတို့မှာ အကောင်းဆုံး ဂိုးသမား ရှိပါတယ်။ ဒါဟာ ချန်ပီယံ အသင်းရဲ့ အရည်အချင်းထက်ပိုပါတယ်။ ကျွန်တော်တို့အားလုံးဟာ ချန်ပီယံ ဖြစ်ချင်ကြပါတယ်။ ပရီးမီးယားလိဂ် မှာ ထိပ်သီး အသင်း ၅ သင်းရှိပါတယ်။ ဒါပေမယ့် ၄ သင်းပဲ ချန်ပီယံ လိဂ် ၀င်ခွင့်ရတာပါ။ တစ်သင်းပဲ ချန်ပီယံ ဖြစ်တာပါ" လို့ Mourinho ကဆိုပါတယ်။

လက်ရှိ ဖြတ်သန်းနေရတဲ့ အပြောင်းအရွှေ့ကာလမှာ Mourinho ဟာ ဂိုးသမား Asmir Begovic ကို စတာလင်ပေါင် ၈ သန်း နဲ့ ခေါ်ယူခဲ့ပါသေးတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment