Powered by Blogger.

စီရော်နယ်လ်ဒိုကို ပြန်လည်စာချုပ် ချုပ်ဖို့ မတတ်နိုင်ကြောင်း Van Gaal ပြောကြား




မန်ချက်စတာယူနိုက်တက် အသင်း အနေနဲ့ ဥရောပထိပ်တန်း ကလပ်များနှင့် ယှဉ်ပြိုင်နိုင်ဖို့ တန်ဖိုးကြီး ကစားသမားတစ်ယောက်ကို ခေါ်ယူဖို့ လိုအပ်တယ်လို့ Louis Van Gaal က ပြောကြားပါတယ်။

မန်ယူအသင်းအနေနဲ့ Angel Di Maria ကို ဗြိတိသျှစံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၅၉.၇ သန်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းမှ ခေါ်ယူခဲ့ပါတယ်။

ဒါပေမယ့် နောက် နှစ်ပတ်လောက်အတွင်းမှာ စတင်တော့မယ် ပရီးမီးယားလိဂ် ရာသီအသစ်မှာ  ဘာစီလိုနာ၊ရီးရဲလ်မက်ဒရစ်၊ချယ်လ်ဆီး နဲ့ မန်စီးတီး အသင်းတို့ကို ယှဉ်ပြိုင်နိုင်ဖို့အတွက် အရေးကြီးတဲ့ ကစားသမားခေါ်ယူမှု တစ်ခု လုပ်ရဦးမှာ ဖြစ်ကြောင်းVan Gaal က ၀န်ခံခဲ့ပါတယ်။

သို့သော် စီရော်နယ်လ်ဒိုကို အိုးလ်ထရက်ဖို့ဒ်ကို ပြန်ခေါ်ယူဖို့ ကိစ္စက မဖြစ်နိုင်တော့ပါဘူးလို့ မန်ယူ အသင်းရဲ့ အမေရိကန်ခရီးစဉ်မှာ Van Gaal က ပြောကြားလိုက်ပါတယ်။

" ချယ်လ်ဆီး အသင်းမှာဆို ဂိုး အမြဲသွင်းတဲ့ အီဒန် ဟာဇတ် ရှိတယ်။ မန်စီးတီးမှာလည်း အဂူရိုလ် ရှိတယ်။ ဘာစီလိုနာမှာဆို နေမာနဲ့ မက်စီ ရှိတယ်။
ကျွန်တော်တို့ မန်ယူအသင်းအနေနဲ့ အဲဒီ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ဖို့ အဲဒီ့ ကစားသမားတွေလို အစွမ်းထက်တဲ့ ကစားသမားတွေ လိုပါတယ်။

 အဲဒီ့အဆင့်လောက်ရှိတဲ့ ကစားသမားတွေကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ရရင် ကျွန်တော်တို့ ခေါ်ယူမှာပါ။ မော်ဂန် ရှနိုက်ဒါလင်၊ ဘာစတီရန် ရှဝိန်းစတိုက်ဂါ ၊ မမ်းဖစ် ဒီပေး နဲ့ မက်တီရို ဒါမီယန် တို့နဲ့ ကျွန်တော်တို့ အသင်းဟာ မနှစ်ကထက် ပိုကောင်းလာမယ် ထင်ပါတယ်။

ဒါပေမဲ့ကျွန်တော်တို့ ဒီထက် ပိုကောင်းပြီး ပို ဆန်းသစ်မှုရှိရပါမယ်။ ယှဉ်ကြည့်ရမယ် ဆိုရင် အက်ရှ် လေယန်း ဟာ ဆို ပြီးခဲ့တဲ့ ရာသီမှာ ခြေစွမ်းပြခဲ့ပေမယ့် သူက နေမာ မဟုတ်ပါဘူး။ ကျနော်တို့က အဲဒီ့လို စွမ်းရည်မျိုးရှိတဲ့ ကစားသမားတွေနဲ့ ပြိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ " လို့ Van Gaal က ပြောကြားခဲ့ပါတယ်။

Van Gaal ဟာ စီရော်နယ်လ်ဒိုကို ခေါ်ယူဖို့ ဈေးအင်မတန်ကြီးတာကြောင့် လက်လျှော့လိုက်ပြီ ဖြစ်ပါတယ်။

( TMW )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment