Powered by Blogger.

Karim Benzema ကို စတာလင်ပေါင် ၃၅ သန်းနဲ့ အာစင်နယ် အသင်း ထပ်မံ ကမ်းလှမ်း




အာစင်နယ် အသင်းဟာ သူတို့ အသင်းရဲ့ တိုက်စစ်ပိုင်းကို အရှိန်အဟုန်မြှင့်တင်နိုင်ဖို့အတွက် ရီးရဲမက်ဒရစ် တိုက်စစ်မှုး Karim Benzema ကို ခေါ်ယူနိုင်ဖို့အတွက် သူတို့ဘက်က ပြောင်းရွှေ့ကြေး ကို တိုးမြှင့်ကမ်းလှမ်းခဲ့ပြန်ပါတယ်။

စပိန် အားကစား ၀က်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Fichajes.net က အခိုင်အမာ ဖော်ပြခဲ့တာကတော့ Arsene Wenger ဟာ ပြင်သစ်နိုင်ငံသား တိုက်စစ်မှုး Benzema ကို ရရှိနိုင်ဖို့အတွက် အပြင်းအထန် ကြိုးစားနေပြီး စတာလင်ပေါင် ၃၅ သန်းအထိ တိုးမြှင့်ကမ်းလှမ်းခဲ့ပြန်တယ်လို့ သိရပါတယ်။

အာစင်နယ် အသင်းဟာ အသက် ၂၇ နှစ်အရွယ်တိုက်စစ်မှုး Benzema ကို စတာလင်ပေါင် ၃၁ သန်းနဲ့ ပထမ တစ်ကြိမ် ကမ်းလှမ်းခဲ့ဖူးပြီး ထို အကြိမ်တုန်းက အာစင်နယ်ရဲ့ ကမ်းလှမ်းမှု ကို ရီးရဲမက်ဒရစ် အသင်းက ပယ်ချခဲ့ပါတယ်။

ကစားသမား အသစ်တွေခေါ်ယူဖို့ အသင်းတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက် ရရှိထားပြီးဖြစ်တဲ့ Arsene Wenger ရဲ့ အာစင်နယ် အသင်းဟာ Emirates ဖလားအဖြစ် ဂျာမန် ဘွန်ဒက်လီဂါ အသင်းတစ်သင်းဖြစ်တဲ့ ၀ုဖ်ဘက် အသင်း နဲ့ ယှဉ်ပြိုင်ခဲ့ရာမှာလည်း ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပြီး အနိုင်ဂိုးကိုတော့ Theo Walcott က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ထို Emirates ဖလားပြိုင်ပွဲမှာ အထူး လက်စွမ်းပြသွားသူကတော့ ချဲလ်ဆီး အသင်းကနေ စတာလင်ပေါင် ၁၀ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ Petr Cech ပဲ ဖြစ်ပါတယ်။ ထိုပွဲစဉ် အနေအထားကို သုံးသပ်ခြင်းအားဖြင့် အာစင်နယ် အသင်းရဲ့ နောက်တန်း နဲ့ ဂိုး အနေအထားတွေဟာ တောင့်တင်းခိုင်မာနေပြီး လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်မယ့် ကွန်မြူနတီ ဖလားပွဲစဉ်မှာတော့ ချဲလ်ဆီး အသင်းကို အကောင်းဆုံး ခြေစွမ်းတွေ ထုတ်ပြနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment