Powered by Blogger.

ချဲလ်ဆီး အသင်းကို ယှဉ်ပြိုင်နိုင်ဖို့အတွက် ကစားသမားတွေ လိုအပ်နေသေးတယ်လို့ Louis Van Gaal ဆို




မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ပဲ့ကိုင်ရှင်ကြီး Louis van Gaal က မန်ယူအသင်းအနေနဲ့ လာမယ့်နှစ်ဘောလုံးရာသီမှာ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ ချဲလ်ဆီး အသင်းကို ယှဉ်ပြိုင် ရင်ဆိုင်နိုင်ဖို့အတွက် အပြောင်းအရွှေ့ ဈေးကွက်ထဲကို ထပ်မံ ၀င်ရောက်ဖို့ လိုအပ်ဦးမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

လက်ရှိအချိန်အထိ အပြောင်းအရွှေ့ကာလ မပြီးဆုံးခင်မှာ မန်ယူ အသင်းဟာ Memphis Depay ၊ Matteo Darmian ၊ Morgan Schneiderlin နဲ့ Bastian Schweinsteiger တို့ကို ခေါ်ယူကာ စတာလင်ပေါင် သန်း ၈၀ ကျော် သုံးစွဲပြီး ဖြစ်ပေမယ့်လည်း Louis van Gaal ကတော့ အသင်းအတွက် ကစားသမား အသစ်တွေခေါ်ယူဖို့ လိုအပ်နေဆဲပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

မန်ယူ အသင်းမှာ Juan Mata ၊ Wayne Rooney နဲ့ Ander Herrera တို့လို လက်ရှိ ကစားကွက် အတွက် သင့်တော်မယ့် ကစားသမား ကောင်းတွေ အဆင်သင့်ဖြစ်နေပေမယ့်လည်း အောင်မြင်မှု အတွက် အဖြေကတော့ အသင်းရဲ့ ပြင်ပမှာ ပဲ ရှိနေသေးတယ်လို့ Van Gaal က ဆိုပါတယ်။

"ကျွန်တော်တို့ဟာ လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ခန်းကောင်းကောင်း လုပ်ဖို့ပဲ လိုတာမဟုတ်ဘူး ၊ ကိုယ်တိုင် ဖန်တီးနိုင်စွမ်းရှိတဲ့ ကစားသမားတွေကိုလည်း လိုအပ်နေပါသေးတယ်။ ဒါဟာ ပေါင်းစပ်မှုတစ်ခုဖြစ်လာဖို့ပါ။ ဒါကြောင့် ကျွန်တော် တို့ ဖန်တီးနိုင်တဲ့ကစားသမားတွေလိုပါတယ်။ ဥပမာပြောရရင် ချဲလ်ဆီးမှာ Hazard ၊ William နဲ့ Oscar တို့ရှိပါတယ်။ သူတို့မှာ ဖန်တီးနိုင်စွမ်းရှိတဲ့ ကစားသမား တွေ အများကြီးပါ။" လို့ သူက ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment