Powered by Blogger.

အာစင်နယ်အသင်းမှာ ၂၀၁၈ ခုနှစ်ထိ စာချုပ်သက်တမ်းတိုးလိုက်တဲ့ Olivier Giroud




အာစင်နယ် အသင်းရဲ့ တိုက်စစ်မှုး ဖြစ်သူ Olivier Giroud ဟာ Arsene Wenger ရဲ့ တိုက်စစ်မှုးနေရာ အတွက် စိတ်သောကရောက်နေမှုတွေကို စာချုပ် အသစ် ချုပ်ဆိုခြင်းနဲ့ စိတ်သက်သာရာ ရစေခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင် ကစားသမား Giroud ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကတည်းက စာချုပ်ချုပ်ဆိုဖို့အတွက် သဘောတူထားခဲ့ပြီး အခုမှ ကလပ် အသင်းနဲ့ တရားဝင် စာချုပ်ချုပ်ဆိုခဲ့ကာ ၂၀၁၈ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေမှာ ဖြစ်ပါတယ်။

ဂန်းနားတွေရဲ့ ပဲ့ကိုင်ရှင်ကြီး Arsene Wenger ဟာ အသက် ၂၈ နှစ်အရွယ် ကစားသမား Giroud ရဲ့ ခြေစွမ်းကို သဘောကျပေမယ့်လည်း Wenger ဟာလက်ရှိမှာတော့ အခြား တိုက်စစ်မှုး နောက်တစ်ယောက် ကိုခေါ်ယူနိုင်ဖို့အတွက် အပြောင်းအရွှေ့ကာလ မပိတ်မီ ဈေးကွက်ထဲ ၀င်ရောက်ခြေချပြီး မွှေနောက်နေတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဒီတစ်ကြိမ်မှာ Arsene Wenger ရဲ့ လူသစ်ခေါ်ယူမှုဟာ ကြီးမားပါတယ်။ အသင်းတာဝန်ရှိသူတွေကလည်း Wenger ကို လုံလောက်တဲ့ ငွေကြေး အင်အားတွေထောက်ပံ့ပေးထားပြီး Wenger ကလည်း အရည်အချင်းပိုင်းအရ ကမ္ဘာ့ အဆင့်မီ တိုက်စစ်မှုး တစ်ယောက်ကိုသာ ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ Wenger ဟာ Alexis Sanchez နဲ့ Mesut Ozil တို့ကို ၀ယ်ယူခဲ့ပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ ငွေ အင်အား ပိုမို သုံးစွဲပြီး ခေါ်ယူသွားဖွယ်ရှိနေပါတယ်။

အာစင်နယ်ဟာ ရီးရဲတိုက်စစ်မှုး Karim Benzema ကို ရေရှည် ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ရီးရဲ အသင်းကတော့ Benzema နေရာ မှာ အစားထိုးဖို့ အရံ ကစားသမား မရှိတဲ့အတွက် ထုတ်မရောင်းနိုင်သေးဘူးလို့ ဆိုထားပြီး ဒေါ့မွန် အသင်းက Pierre-Emerick Aubameyang ကို လည်း ကမ်းလှမ်းမှုတွေပြုလုပ်နေပါသေးတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment