Powered by Blogger.

C.Ronaldo ကို မန်ယူ က ပြန်ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သတင်းတွေထွက်ပေါ်




မန်ယူအသင်းကနေ ရီးရဲလ်အသင်းကို ပြောင်းရွှေ့ခဲ့တာ ခြောက်နှစ်ကြာပြီဖြစ်တဲ့ Cristiano Ronaldo ဟာ မန်ယူအသင်းကို ပြန်လည်ခေါ်ယူခံရတော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မန်ယူအသင်းဟာ အင်္ဂလန်ဘောလုံးလောကမှာ သူတို့အသင်း ထိပ်ဆုံးကို ပြန်လည် ရောက်ရှိနိုင်ဖို့အတွက် ကလပ်စံချိန်တင် သဘောတူညီမှု တစ်ခု ဖြစ်လာမယ့် ဒိုလေး အား အသင်းကိုပြန်ခေါ်နိုင်ဖို့ ကြိုးစားလျက် ရှိပါတယ်။

မန်ယူဟာ နည်းပြ မိုရက်စ် အသင်းကို စတင်ရောက်ရှိလာတဲ့ ၂၀၁၃ ခုနှစ်ကလည်း Cristiano Ronaldo ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် Cristiano Ronaldo က ၂၀၁၈ ခုနှစ်အထိ စာချုပ်သစ်တစ်ခုထပ်မံချုပ်ဆိုခဲ့ပါတယ်။

အသက်၃၀ ရှိပြီဖြစ်တဲ့Cristiano Ronaldo ဟာ မန်ယူအသင်းနဲ့  ခြောက်နှစ်ကြာ ကစားခဲ့တဲ့ သက်တမ်းမှာ ဂိုးပေါင်း ၁၁၇ ဂိုး သွင်းယူခဲ့ပါတယ်။

( TMW )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment