Powered by Blogger.

Benteke ဟာ လီဗာပူး အသင်းရဲ့ ကစားကွက် နဲ့ အံ့ဝင်ခွင်ကျ မဖြစ်နိုင်ဘူးလို့ Carragher ဆို




လီဗာပူးအသင်းကို စတာလင်ပေါင် ၃၂.၅ သန်း နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှုး Christian Benteke ဟာ လီဗာပူး အသင်းရဲ့ စတိုင်လ် နဲ့ အံဝင်ခွင်ကျမဖြစ်မှာကို စိုးရိမ်မိတယ်လို့ လီဗာပူး ကစားသမား ဟောင်း Jamie Carragher က ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

ဘယ်လ်ဂျီယံ လက်ရွေးစင် အသင်းရဲ့ တိုက်စစ်မှုး တစ်ယောက်လည်းဖြစ်တဲ့ Christian Benteke ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အန်ဖီးလ် ကွင်းကို စတာလင်ပေါင် ၃၂.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ လီဗာပူး အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲတွေကို ပါဝင် ယှဉ်ပြိုင်ခြင်းမရှိသေးပါဘူး။

"လီဗာပူး အသင်းမှာ သူ့အတွက် မျှော်လင့်ချက် က ထက်မြက်တဲ့ ကစားသမားတွေကို သူ့ကို ၀န်းရံပြီး သူ့ကို ပိုမို နာမည်ကြီးလာစေနိုင်ပါတယ်။ ကျွန်တော်စိတ်ပူတာက လီဗာပူး အသင်းရဲ့ မန်နေဂျာ Brendan Rodgers အကြိုက်ဆုံး ကစားကွက်ဖြစ်တဲ့ နေရာအကွာအဝေး နီးနီး ကို တိကျစွာ မြန်မြန်ဆန်ဆန် လူပေးပြီး ကစားတဲ့ ကစားကွက်မှာ Benteke အနေနဲ့ အံ့ဝင်ခွင်ကျမဖြစ်မှာကိုပါ" လို့ Carragher ကဆိုပါတယ်။

ဒါ့အပြင် Carragher က သူအပါအ၀င် လီဗာပူး အသင်းရဲ့ အမာခံ ပရိတ်သတ်တွေက Benteke ထက် ဂျာမန်ကလပ် ဟော့ဖန်ဟိန်း ကနေ ဒီလ အစောပိုင်းမှာ  ပြောင်းရွှေ့လာတဲ့ Roberto Firmino ကို ပိုမို စိတ်ဝင်စားနေကြတယ်လို့ ဆိုပါတယ်။

"ဘရာဇီးလ်နိုင်ငံသား Roberto Firmino က Brendan Rodger ရဲ့ အသင်းဘက်မှာ မျှော်လင့်ချက် အသစ်တစ်ခု သဖွယ် ဖြစ်နေပြီး လီဗာပူး အသင်းရဲ့ ၉၅ ရာခိုင်နှုန်းသော ပရိတ်သတ်တွေဟာ စတာလင်ပေါင် ၂၉ သန်းတန် Firmino ကို ဗီလာကပြောင်းလာတဲ့ စတာလင်ပေါင် ၃၂.၅ သန်းတန် Benteke ထက်ပိုစိတ်ဝင်စားနေကြပါတယ်။" လို့ Carragher က ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment