Powered by Blogger.

တိုက်စစ်မှုးတစ်ယောက် ခေါ်ယူဖို့အတွက် Arsene Wenger ကို အသင်း က လုံလောက်တဲ့ ဘဏ္ဍာ တွေ ထောက်ပံ့ပေးထား




အာစင်နယ် အသင်း ရဲ့ ဂန္တ၀င် ပဲ့ကိုင်ရှင်ကြီး Arsene Wenger ကို အသင်းတာဝန်ရှိသူတွေက ကမ္ဘာ့ အဆင့်မှီ တိုက်စစ်မှုးတစ်ယောက် ခေါ်ယူဖို့အတွက် လုံလောက်တဲ့ ဘဏ္ဍာ တွေထောက်ပံ့ပေးလိုက်ပါပြီ။

ဒါကြောင့် Arsene Wenger ဟာ တိုက်စစ်မှုး တစ်ယောက် ခေါ်ယူနိုင်ဖို့ လိုက်လံရှာဖွေနေပြီး သူ့ရဲ့ ၀ယ်ယူလိုတဲ့ စာရင်းထဲမှာတော့ ရီးရဲမက်ဒရစ် တိုက်စစ်မှုး Karim Benzema က ထိပ်ဆုံးမှာ ရှိနေပါတယ်။

အာစင်နယ် အသင်းရဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ Lord Harris က တော့ အာစင်နယ် အသင်းဟာ ကွင်းအသစ် ကို ပြောင်းရွှေ့နေတဲ့ အချိန်ကာလတွေတုန်းက ငွေကြေး ပြသနာ တွေရှိခဲ့တာကို ၀န်ခံပေမယ့် အခုချိန်မှာတော့ အသင်းရဲ့ အရှိန်အဟုန်ကို မြှင့်တင်ဖို့အတွက် သုံးစွဲနိုင်မယ့် ငွေကြေး အလုံအလောက် ရှိနေပြီ ဖြစ်တယ်လို့ ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

Carpetright ကုမ္မဏီ ရဲ့ ပိုင်ရှင်လည်းဖြစ်တဲ့ အသက် ၇၂ နှစ်အရွယ် Lord Harris က "ကျွန်ုပ်တို့ ဈေးကွက်ထဲဝင်ပြီး ကမ္ဘာမှာရှိတဲ့ ဘယ်ကစားသမားကို မဆိုဝယ်ယူနိုင်ပါပြီ။ ၀ယ်လို့ မရနိုင်တဲ့သူတွေကလွဲလို့ပေါ့။အကောင့်ထဲမှာလည်း စတာလင်ပေါင် သန်း ၂၀၀ ရှိတယ်။ သင်ဟာ အာစင်ဝင်းဂါး ကို ငါတို့မှာ ပိုက်ဆံ မရှိဘူးလို့ ပြောရင်လည်း သူက စိတ်ပူမှာမဟုတ်ပါဘူး။ သင်က သူ့ကို စတာလင်ပေါင် သန်း ၁၀၀ ရှိတယ်ပြောရင်လည်း သူ အကုန် သုံးချင်မှ သုံးမှာပါ" လို့ Daily Mail သတင်း ဌာန ကို ပြောပြခဲ့ပါတယ်။

လောလောဆယ်မှာတော့ ၀ယ်ယူရမယ့်သူတော့ မရှိသေဘူးလို့ သိရပါတယ်။ အာစင်နယ် အသင်းမှာလည်း လက်ရှိ အားထားရတဲ့ တိုက်စစ်မှုးတွေအနေနဲ့ Mesut Ozil နဲ့ Alexis Sanchez တို့ ၂ ယောက်ပဲ ရှိတော့တာပါ။

"ကျွန်တော်တို့က အာစင်ဝင်းဂါးကို ကလပ်ရဲ့ အပြောင်းအရွှေ့စံချိန်ကို ချိုးဖို့ ပြောထားပါတယ်။ သူလူတစ်ယောက်ကို လိုချင်ရင် အဲဒီလူကို ခေါ်လို့ရပါတယ်။ Messi နဲ့ Ronaldo တို့က လွဲပြီး ဘယ်ကစားသမားကို မဆို ကျွန်တော်တို့ ရနိုင်ပါ။ သူကြိုက်တဲ့ ကစားသမား ကို ကလပ်အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ပါလိမ့်မယ်" လို့ Harris က ပြတ်သားစွာ ပြောပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment