Powered by Blogger.

Sergio Ramos ဟာ ရီးရဲမှာ ရှိနေဖို့ ရာနှုန်းပြည့် သေချာတယ်လို့ Rafa Benitez ဆို




ရီးရဲမက်ဒရစ် အသင်းရဲ့ ပဲ့ကိုင်ရှင် အသစ်ဖြစ်သူ Rafa Benitez ဟာ မန်ယူ အသင်းက စိတ်ဝင်စားနေတဲ့  နောက်တန်းကစားသမား Sergio Ramos ဟာ ၁၀၀ ရာခိုင်နှုန်း ရီးရဲမက်ဒရစ် မှာ ရှိနေဖို့ သေချာတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရီးရဲ မန်နေဂျာကြီး Rafa Benitez ဟာ မန်ယူအသင်းရဲ့ မန်နေဂျာ Louis van Gaal က ဒီနှစ်အတွက် ဘာနေဗျူးနောက်ခံလူကို ခေါ်ယူနိုင်ဖို့ ဆောင်ရွက်နေပြီဆိုတဲ့ ကြေညာမှုကို ပယ်ဖျက်တဲ့အနေနဲ့ အခုလို စပိန်လက်ရွေးစင် ကစားသမား ဟာ မန်ယူအသင်းကို သွားမှာ မဟုတ်ပဲ ရီးရဲ မှာပဲ ရာနှုန်းပြည့်ရှိနေဖို့ သေချာတယ်လို့ တန်ပြန်ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။

သောကြာင်္နေ့ အပြည်ပြည်ဆိုင်ရာ ချန်ပီယံများ ဖလား အတွက် မန်ချက်စတာစီးတီး အသင်းနဲ့ ယှဉ်ပြိုင်ဖို့ Melbourne ကို ရောက်ရှိနေစဉ်မှာ ဒီသတင်းကို ကြေညာခဲ့တဲ့ Rafa Benitez က မန်ချက်စတာယူနိုက်တက် ဂိုးသမား David De Gea ကိုခေါ်ယူဖို့ကိုလည်း လက်လျှော့လိုက်ပြီဆိုတဲ့အကြောင်းကိုပါ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ရီးရဲ အသင်းရဲ့ ဂိုးသမား နဲ့ ကပ္ပတိန် ဖြစ်သူ Iker Casillas ကို FC Porto အသင်းသို့ ရောင်းချလိုက်ပြီးတဲ့နောက် Sergio Ramos ကို လာမယ့်နှစ်ဘောလုံးရာသီ မှာ အသင်းရဲ့ ကပ္ပတိန် အဖြစ် ခန့်အပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာလည်း မန်ယူ အသင်းအတွက် တံတိုင်းကြီး တစ်ခုသဖွယ် တားဆီးလိုက်ပြန်ပါတယ်။

"Ramos ဟာ ၁၀၀ ရာခိုင်နှုန်း အသင်းမှာ ရှိနေမှာပါ။ ဒါဟာသေချာပါတယ်။ သူဟာ ကျွန်တော်တို့ရဲ့ ကစားသမားပါ ပြီးတော့ အဓိက ကစားသမား ဖြစ်လာတော့မှာပါ " လို့  Rafa Benitez က ဆိုပါတယ်။

ရီးရဲမက်ဒရစ် အသင်းရဲ့ အလယ်တန်းကစားသမားတစ်ယောက်ဖြစ်တဲ့ Luka Modric ကလည်း Ramos ကို ရီးရဲမက်ဒရစ် အသင်းမှာပဲ ဆက်လက်ရှိနေဖို့ တိုက်တွန်းထားပါသေးတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment