Powered by Blogger.

စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် Ashley Young က မန်ယူမှာ ဆက်လက်ရှိချင်နေ




မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တောင်ပံ ကစားသမား Ashley Young ဟာ မန်ယူ မှာ စာချုပ်အသစ် ထပ်မံချုပ်ဆိုဖို့ မသေချာ ဖြစ်နေပြီး သူ့အနေနဲ့ မန်ယူ အသင်းမှာ ဆက်လက်ရှိနေချင်တဲ့ ဆန္ဒ ရှိတယ်လို့ ဆိုပါတယ်။

 Young ဟာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ နောက်နှစ် ဘောလုံးရာသီ အဆုံးမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး စာချုပ်အသစ်ထပ်မံ ချုပ်ဆိုဖို့အတွက် အဆင်မပြေဖြစ်နေခဲ့ပါတယ်။

မန်ယူအသင်းရဲ့ ပဲ့ကိုင်ရှင်ကြီး Louis van Gaal ဟာ Young လိုမျိုး စာချုပ်သက်တမ်း ကုန်ဆုံးခါနီး ကစားသမားတြွေုဖစ်တဲ့ Michael Carrick ၊ Chris Smalling နဲ့ Phil Jones တို့ကို စာချုပ်အသစ်ထပ်မံ ချုပ်ဆိုခဲ့ပေမယ့်လည်း အသက် ၃၀ အရွယ် အက်စတွန်ဗီလာ ကစားသမား ဟောင်းကိုတော့ ဘာကမ်းလှမ်းမှုမှ မလုပ်သေးပဲ စောင့်ဆိုင်းစေခဲ့ပါတယ်။

ဒါကြောင့် Young ဟာ အနာဂါတ် မရေရာစွာနဲ့ပဲ နောက်နှစ်ဘောလုံးရာသီကို ဖြတ်ကျော်ရမှာ ဖြစ်ပြီး ဒီအနေအထားတွေကို ဖြေရှင်းပြီး ဖြတ်ကျော်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း Young က ဆိုပါတယ်။

"လူတစ်ချို့ကကျွန်တော့်ကို စာချုပ်သက်တမ်းတိုးပြီးပြီလို့တောင်ထင်နေကြပါတယ်။ အမှန်က မဟုတ်ပါဘူး။ ဒါဟာ ကလပ်အသင်းရဲ့ လက်ထဲမှာပဲ ရှိနေသေးပြီး ဘာတွေဖြစ်လာမယ်ဆိုတာကို စောင့်ကြည့်ရမှာပါ။ ကျွန်တော့် အနေနဲ့ ထွက်ခွာ ရင်လည်း ထွက်ခွာရမှာပါ။အခုချိန်မှာတော့ နယ်လှည့်ခြေစမ်းပွဲတွေမှာပဲ ပျော်ရွှင်နိုင်အောင် ကြိုးစားနေပါတယ်။" လို့ Young က ဆိုပါတယ်။

Young ဟာ ၂၀၁၁ ခုနှစ်မှာ အက်စတွန်ဗီလာ အသင်းကနေ မန်ယူ အသင်းကို စတာလင်ပေါင် ၁၇ သန်းနဲ့ ပြောင်းရွှေ့လာကာ ၅ နှစ် သဘောတူစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကြိုးစားရုန်းကန်ခဲ့ရတဲ့ ကစားသမားတွေထဲကတစ်ယောက်ပဲ ဖြစ်ပါတယ်။ Young က ပြီးခဲ့တဲ့ ဘောလုံးရာသီအတွက် အသင်းရဲ့ အကောင်းဆုံးကစားသမား တစ်ယောက်အဖြစ် သတ်မှတ်ပေးတဲ့ အသင်းဖော် Wayne Rooney ကိုလည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment