Powered by Blogger.

အဲဗာတန်နောက်ခံလူ John Stones ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ချဲလ်ဆီး ကမ်းလှမ်း




ချဲလ်ဆီး အသင်း ရဲ့ ပဲ့ကိုင်ရှင် Jose Mourinho ဟာ အဲဗာတန် အသင်း ရဲ့ နောက်တန်းကစားသမား John Stones ကို ဗြိတိန် စံချိန်တင်ပြောင်းရွှေ့ကြေး ရတဲ့ နောက်တန်း ကစားသမား တစ်ယောက်ဖြစ်လာစေတော့မှာပါ။

အသက် ၂၁ နှစ်အရွယ် ဗဟို နောက်ခံလူ John Stones ကို ချဲလ်ဆီး အသင်းက စတာလင်ပေါင် ၃၄ သန်း နဲ့ ကမ်းလှမ်းနိုင်ဖို့ ကြိုးစားနေပါတယ်။ အခုလို ဗြိတိန် စံချိန်တင်ပြောင်းရွှေ့ကြေး နဲ့ ကမ်းလှမ်းရ ခြင်းနဲ့ ပတ်သက်ပြီးတော့လည်း Mourinho က "ဒါဟာဈေးကွက်ပဲ" လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အပတ်တုန်းကလည်း ချဲလ်ဆီး အသင်းက John Stones အတွက် စတာလင်ပေါင် သန်း ၂၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ချဲလ်ဆီး အသင်းရဲ့ ကမ်းလှမ်းမှု ဟာ ပယ်ချခံခဲ့ရပါတယ်။ လက်ရှိ ဗြိတိန် နိုင်ငံရဲ့ နောက်တန်းကစားသမားတွေအတွက် စံချိန်တင်ပြောင်းရွှေ့ ကြေး ဖြစ်နေတာကတော့ လွန်ခဲ့တဲ့ ၁၁ လ တုန်းက မန်ချက်စတာစီးတီး အသင်းရဲ့ ပေါ်တို ဗဟိုနောက်ခံလူ Eliaquim Mangala ကို စတာလင်ပေါင် ၃၁.၉ သန်း နဲ့ စာချုပ်ချုပ် ခေါ်ယူခဲ့မှုပဲ ဖြစ်ပါတယ်။

အဲဗာတန် အသင်းဘက် ချဲလ်ဆီး အသင်းရဲ့ ကမ်းလှမ်းမှု အသစ်ကိုလည်း အကောင်းဆုံး ကိုင်တွယ်သွားဖို့ ကြိုးစားနေသလို ချဲလ်ဆီး အသင်းကလည်း ပြောင်းရွှေ့ကြေးကလွဲပြီး Stones စိတ်ဝင်စားမယ့် မက်လုံးတွေကို ထုတ်နေပါသေးတယ်။ အကယ်၍ Stones သာ ချဲလ်ဆီး အသင်းကို ရောက်လာခဲ့ပါက အသက် ၃၄ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ John Terry က Stones ကို အနီးကပ် ထရိန်နင်ပေးသွားမှာ ဖြစ်တယ်လို့လည်း Mourinho က ဆိုထားပါသေးတယ်။

ဒါ့အပြင် Stones သာ ချဲလ်ဆီး အသင်းကို ပြောင်းရွှေ့လာခဲ့ပါက Mourinho ဟာ သူ့ကို နောက်နှစ်ဘောလုံးရာသီမှာ အနည်းဆုံး ပွဲ ၃၀ ကစားခွင့်ရစေရမယ်လို့ ကတိပေးထားပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment