Powered by Blogger.

ဂျူဗင်တပ်စ် တိုက်စစ်မှုး Fernado Llorente ကို ခေါ်ယူဖို့ မန်ယူ စိတ်ဝင်စားနေ




အလယ်တန်း ကစားသမား တွေကို ဆက်တိုက်ဆိုသလို စာချုပ်ချုပ် ခေါ်ယူနေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နောက်ထပ် အပြောင်းအရွှေ့ပစ်မှတ်တစ်ခု ထွက်ပေါ်လာပြန်ပါတယ်။ အဲဒါကတော့ ဂျူဗင်တပ်စ် တိုက်စစ်မှုး Fernando Llorente ပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပဲ့ကိုင်ရှင် Van Gaal က အသင်းရဲ့ အမေရိက ရာသီအကြို နယ်လှည့် ခြေစမ်းပွဲ အတွင်းမှာပဲ သူဟာ ဂျူဗင်တပ်စ် တိုက်စစ်မှုး ကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေတယ်ဆိုတဲ့အကြောင်း ကို ၀န်ခံခဲ့ပါတယ်။

ဘာပဲ ဖြစ်ဖြစ် ၊ မန်ယူ ဟာ စပိန် လက်ရွေးစင်ကစားသမား Llorente ကို ကမ်းလှမ်းထားဖြစ်သလို သူ့ဘက်က တုံ့ပြန်လာမယ့် အနေအထားကို ပဲ စောင့်မျှော်နေရတယ်လို့လည်း သိရပါတယ်။

တစ်ဖက်မှာလည်း မန်ယူ အသင်း ရဲ့ ကစားသမား Angel Di Maria ရဲ့ ပြင်သစ် ကလပ် ပီအက်စ်ဂျီ အသင်းကို စတာလင်ပေါင် ၄၅ သန်းနဲ့ ပြောင်းရွှေ့ဖို့ကိစ္စအတွက်လည်း ပီအက်စ်ဂျီ အသင်းက တာဝန်ရှိသူတွေဟာ မန်ယူ အသင်းရဲ့ အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ Ed Woodward နဲ့ လန်ဒန် မှာ တရားဝင်ဆွေးနွေးခဲ့ပြီးဖြစ်တဲ့အတွက် အပြောင်းအရွှေ့သဘောတူညီမှုက သေချာသလောက်ဖြစ်နေပါပြီ။

ဒါကြောင့် Angel Di Maria ၊ Radamel Falcao နဲ့ Van Persie တို့ အသင်းကနေ ထွက်ခွာသွားတဲ့အခါ မှာ တိုက်စစ်မှုး တစ်ယောက်တော့ မန်ယူ အသင်းအနေနဲ့ အပြောင်းအရွှေ့ကာလမပြီးဆုံးခင်မှာ ခေါ်ယူဖို့ လိုအပ်နေဦးမှာပါ။

ဘိုင်ယန်မြူးနစ် အသင်းရဲ့ တိုက်စစ်မှုး Thomas Muller နဲ့ ဘာစီလိုနာ အသင်းရဲ့ တိုက်စစ်မှုး Pedro တို့ကို မန်ယူ က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း Van Gaal ကတော့ Llorente ကို ခေါ်ယူချင်နေတယ်ဆိုတာကို ၀န်ခံပြောကြားလိုက်ပါပြီ။ အသက် ၃၀ အရွယ် Llorente ဟာ လွန်ခဲ့တဲ့ ၂ နှစ်ကပဲ အက်သလက်တစ် ဘီဘာအို အသင်းကနေ ဂျူဗင်တပ်စ် အသင်းကို ပြောင်းရွှေ့လာပြီး ပွဲပေါင်း ၉၀ အတွက် ၂၇ ဂိုး သွင်းယူနိုင်ဖို့ကိုပင် တော်တော် လေးကြိုးစား ရုန်းကန် ခဲ့ရပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment