Powered by Blogger.

ချဲလ်ဆီး အသင်းရဲ့ အဝေးကွင်း ၀တ်စုံသစ်ကို မိတ်ဆက်ပြသ




လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ ချဲလ်ဆီး အသင်းဟာ ၂၀၁၅-၁၆ ဘောလုံးရာသီမှာ ၀တ်ဆင် မယ့် အဝေးကွင်း ၀တ်စုံ သစ်ကို မိတ်ဆက်ပြသခဲ့ပါတယ်။

Diego Costa ၊ Nemanja Matic ၊ Gary Cahill ၊ Thibaut Courtois နဲ့ Eden Hazard တို့ကတော့ ထို အဖြူရောင် ၀တ်စုံသစ် ရဲ့ မော်ဒယ်လ် တွေအဖြစ်ဝတ်ဆင်ပြသခဲ့ပြီး ထို ၀တ်စုံကိုတော့ ဂျာမနီ အားကစားဝတ်စုံ ထုတ်လုပ်ရေး ကုမ္မဏီ ဖြစ်တဲ့ Adidas က ချုပ်လုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ထို အဝေးကွင်း ၀တ်စုံသစ် ရဲ့ အကျီင်္ဟာ အဖြူရောင်ဖြစ်ပြီး ပခုံးနေရာမှာတော့ adidas ရဲ့ ထုံးစံ အတိုင်း အပြာရောင် သုံးလိုင်းစင်း ကို တပ်ဆင်ထားပါတယ်။ လက်မောင်းနေရာမှာတော့ အနီရောင် လိုင်းတစ်ခုကို လက်ပတ် သဖွယ် ရစ်ပတ်ထားပါတယ်။ ဘောင်းဘီကလည်း အဖြူရောင်ဖြစ်ပြီး ဘေး ၂ ဖက်မှာ adidas ရဲ့ အမှတ်အသားတစ်ခုဖြစ်တဲ့ အပြာရောင် ၃ လိုင်းစင်းကို တပ်ဆင်ထားပါတယ်။

Jose Mourinho ကတော့ သူ့အသင်းရဲ့ အဝေးကွင်း ၀တ်စုံသစ်ကို လာမယ့် လ ထဲမှာ ယှဉ်ပြိုင်မယ့် ဘာစီလိုနာ အသင်းနဲ့ ရာသီ အကြိုခြေစမ်းပွဲ မှာ စတင်ဝတ်ဆင်စေမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ချဲလ်ဆီး အသင်းကတော့ ကလပ်အသင်းပိုင် ၀က်ဘ်ဆိုက်မှာ သူတို့ ရဲ့ ၀တ်စုံတွေနဲ့ ပတ်သက်ပြီး အခုလို ရေးသား ဖော်ပြထားပါတယ်။

"adidas ကုမ္မဏီ ရဲ့ ပါဖောမန့်စ် နည်းပညာ တွေနဲ့ ပေါင်းစည်းထားတဲ့ ဒီဇိုင်းဟာ ကစားသမားတွေကို ပိုမိုမြန်ဆန်စေပြီး ကွင်းထဲမှာ သက်တောင့်သက်သာ ရှိနေစေနိုင်အောင် ဒီဇိုင်းရေးဆွဲချုပ်လုပ်ထားတာဖြစ်ပါတယ်။ ဒီ အကျီင်္မှာ Climacool Ventilation နည်းပညာ ဟာ ကစားသမား တစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို အေးမြနေအောင် အသက်ရှု လို့ကောင်းမွန်စေမယ့် အရာတွေ ၊ ပိတ်စ တွေ နဲ့ လွတ်လပ်စွာ လှုပ်ရှားနေစေမယ့် ချုပ်ရိုးတွေနဲ့ သက်တောင့်သက်သာ ရှိစေမယ့် ဒီဇိုင်းတွေကို ထည့်သွင်းထားပါတယ်"။

( Mario )

#သစ်ထူးလွင်(အားကစား)
#knowledge.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment