Powered by Blogger.

မန်ယူ ရဲ့ အဓိက တိုက်စစ်မှုး အဖြစ်ပြန်လည် ကစားမယ့် Wayne Rooney




လာမယ့်နှစ် ဘောလုံးရာသီမှာတော့ Wayne Rooney ကို အလယ်တန်းကစားသမား နေရာမှ မထားတော့ပဲ အဓိက တိုက်စစ်မှုး တစ်ယောက် အဖြစ် ပြောင်းလဲ ကစားစေမှာ ဖြစ်တယ်လို့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ပဲ့ကိုင်ရှင်ကြီး Louis van Gaal ကဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ဖလားလက်မဲ့ ဖြစ်ခဲ့ရတဲ့အပြင် ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်းထဲ ၀င်နိုင်ရန်ပင် ကြိုးစားရုန်းကန်ခဲ့ရသလိုပဲ မန်ယူ အသင်းရဲ့ အားအထားရဆုံး Wayne Rooney သည်လည်း အလယ်တန်း ကစားသမား နေရာမှာ တာဝန်ယူခဲ့ရတဲ့အတွက် ဂိုးပေါက်တွေပျောက်နေခဲ့တာဖြစ်ပါတယ်။ အခုတော့ အဲဒီအနေအထားကို ပြောင်းလဲဖို့ van Gaal က Wayne Rooney ကို အဓိက ကစားသမား အဖြစ် ပြောင်းလဲ ကစားစေတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီ တစ်ခုလုံးမှာ မန်ယူအသင်းအတွက် ၁၄ ဂိုးသာ သွင်းပေးနိုင်ခဲ့တဲ့ Wayne Rooney အတွက်တော့ ပုဂ္ဂိုလ်ရေးအရ အပြစ်တင်စရာ တွေဖြစ်ခဲ့ပါတယ်။ အခုချိန်မှာတော့ မန်ယူအသင်းရဲ့ ခါးကျိုးနေတဲ့ အလယ်တန်းအတွက် Bastian Schweinsteiger နဲ့ Morgan Schneiderlin တို့ကို ခေါ်ယူပြီး ဖြစ်တဲ့အတွက် Rooney ဟာ မနှစ်ကလို ဂိုးပေါက် ပျောက်နေစရာ အကြောင်းမရှိတော့ပါဘူး။

"ကျွန်တော် အင်္ဂလန် အသင်းအတွက် တိုက်စစ်မှုးတစ်ယောက်အဖြစ် ကစားနေချိန်မှာ မန်ယူအတွက် နေရာတော်တော်များများက ကစားခဲ့ပြီးပါပြီ။ ကျွန်တော် ဂိုးပေါင်း ၂၀ နဲ့အထက် ကိုထပ်မံသွင်းယူနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော် တိုက်စစ်မှုးတစ်ယောက် အနေနဲ့ ပြန်ကစားတဲ့အခါ ကျွန်တော် မလုပ်နိုင်ဘူးဆိုရင် ကျွန်တော့်ကို ကြိုက်သလို ဝေဖန်ကြပါ" လို့ Wayne Rooney က ဆိုပါတယ်။

အသက် ၂၉ နှစ်အရွယ် Wayne Rooney ဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် စုစုပေါင်း ၂၃၀ ဂိုးတိတိ သွင်းယူပေးထားခဲ့ပြီး ထိုပမာဏ ဟာ မန်ချက်စတာယူနိုက်တက် ရဲ့ ဂန္တ၀င် ကစားသမားကြီး Sir Bobby Charlton ရဲ့ ကလပ်အသင်းအတွက် သွင်းဂိုး စံချိန်ကို မှီဖို့ ၁၉ ဂိုးပဲလိုပါတော့တယ်။ ဒါကြောင့် လာမယ့်နှစ်ဘောလုံးရာသီမှာ Wayne Rooney ဟာ အနည်းဆုံး ဂိုး၂၀ ခန့်သွင်းယူလိုက်နိုင်ရင်တော့ အိုးထရက်ဖို့ဒ် ရဲ့ သမိုင်းစာမျက်နှာ သစ် ကို ဖွင့်လှစ်နိုင်တော့မှာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment