Powered by Blogger.

လီဗာပူးမှာဆေးစစ်နေပြီဖြစ်တဲ့ Christian Benteke ထရိန်နင် စဆင်းတော့မည်




လီဗာပူး အသင်းဟာ Christian Benteke ကို စတာလင်ပေါင် ၃၂.၅ သန်း နဲ့ ခေါ်ယူဖို့ သဘောတူခဲ့ပြီးတဲ့နောက်မှာ Benteke ဟာ ဆေးစစ်ခြင်း လုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

လီဗာပူး အသင်းရဲ့ ဆရာဝန်ဖြစ်သူ Andy Massey ဟာ သြစတြေးလျမှာ ကျင်းပနေတဲ့ လီဗာပူး အသင်းရဲ့ ရာသီအကြိုခြေစမ်းပွဲတွေကနေ အလျင်အမြန်ပြန်လာပြီး လန်ဒန်မှာ ပြုလုပ်နေတဲ့ Christian Benteke ရဲ့ ဆေးစစ်မှုကို ကြည့်ရှုမှာ ဖြစ်ပါတယ်။

ဆေးစစ်ခြင်း လုပ်ငန်းတွေဟာ နောက်၂၄ နာရီအတွင်းမှာပဲ ပြီးဆုံးမှာ ဖြစ်ပြီး ဘယ်လ်ဂျီယံ နိုင်ငံသား တိုက်စစ်မှုး Benteke ကတော့ သူ့ရဲ့ အသင်းဖော် အသစ်တွေနဲ့ တွဲဖက် ကစားဖို့ သြစတြေးလျ ကိုလိုက်သွားမှာ မဟုတ်ပါဘူး။ လီဗာပူး အသင်းဟာလက်ရှိ Adelaide အသင်းနဲ့ တနင်္လာနေ့မနက်မှာ ခြေစမ်းပွဲယှဉ်ပြိုင်ကစားနေသလို သောကြာင်္နေ့မှာလည်း မလေးရှား နိုင်ငံ လက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲကစားပြီးချိန်ကျမှ အင်္ဂလန်ကို ပြန်ရောက်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Benteke ကတော့ ခြေစမ်းပွဲသွားရောက်ယှဉ်ပြိုင်နေတဲ့ လီဗာပူး အသင်း ပြန်မရောက်ခင် ဗုဒ္ဓဟူးနေ့မှာပဲ ထရိန်နင် စတင် ဆင်းတော့မှာ ဖြစ်ပါတယ်။ Benteke ဟာ ထရိန်နင်မှာတော့ ဘရာဇီးလ်သား ၂ ယောက်ဖြစ်တဲ့ Philippe Coutinho ၊ စတာလင်ပေါင် ၂၉ သန်းအကုန်အကျခံ စာချုပ်ချုပ်ဆိုထားတဲ့ Roberto Firmino တို့နဲ့ အတူ ထရိန်နင်ဆင်းရမှာဖြစ်ပါတယ်။ ထို ဘရာဇီးလ်သား ၂ ယောက်ကတော့ ကိုပါအမေရိက ဖလားအတွက် သွားရောက်ယှဉ်ပြိုင်နေခဲ့ရတဲ့အတွက် လီဗာပူး အသင်းရဲ့ ခြေစမ်းပွဲတွေကို မလိုက်ပါနိုင်ခဲ့တာဖြစ်ပါတယ်။

Benteke ဟာ အက်စတွန်ဗီလာ အသင်းမှာတုန်းကလည်း ၂ နှစ်အတွင်း ပွဲပေါင်း ၁၀၁ ပွဲကို ကစားခဲ့ပြီး ၄၉ ဂိုးတိတိ သွင်းယူပေးခဲ့နိုင်သူ ဖြစ်တဲ့အတွက် Benteke ကို ခေါ်ယူလိုက်နိုင်ခြင်းဟာ မနှစ်က ဘောလုံးရာသီ ရလဒ်တွေကြောင့် အပြစ်တင်ခံနေရတဲ့ လီဗာပူး အသင်း ရဲ့ နည်းပြဖြစ်သူ Brendan Rodgers အတွက်တော့ မျက်နှာပန်းလှ စေနိုင်ခဲ့ပါတယ်။

လက်ရှိမှာ လီဗာပူး အသင်းဟာ Danny Ings နဲ့ Divock Origi တို့ကိုခေါ်ယူထားပြီး ဖြစ်သလို Benteke ပါရောက်ရှိလာတဲ့အတွက် တိုက်စစ်မှုး ၃ ယောက်တိတိ ခေါ်ယူထားပြီးဖြစ်ပါတယ်။ နောက်ထပ်လည်း Rickie Lambert ၊ Fabio Borini နဲ့ Mario Balotelli တို့လို တိုက်စစ်မှုးတွေကိုလည်း မျက်စိကျနေသေးတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror



Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment