ဘောလုံး ရာသီ သစ် မစခင်မှာ ဖလား ၃ လုံး ပိုင်ဆိုင်ထားပြီး ဖြစ်တဲ့ အာစင်နယ်
ဒီနှစ်နွေရာသီမှာ ထိရောက်တဲ့ အပြောင်းအရွှေ့ သဘောတူညီမှု တွေကို ဖန်တီးနိုင်ခဲ့တဲ့ အာစင်နယ် အသင်းရဲ့ ပဲ့ကိုင်ရှင်ကြီး Arsene Wenger အတွက် တော့ ဘောလုံးရာသီမစခင်မှာကတည်းက ဖလား ၃ လုံးကို ရယူပေးနိုင်ခဲ့ပါပြီ။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကွန်မြူနတီ ဖလားအဖြစ် ယှဉ်ပြိုင်ခဲ့ကြတဲ့ FA ဖလား ချန်ပီယံ အာစင်နယ် အသင်း နဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ချဲလ်ဆီး အသင်းတို့ရဲ့ ပွဲစဉ်မှာ အာစင်နယ် အသင်းဟာ ၁ဂိုး - ဂိုးမရှိ နဲ့ အနိုင်ရခဲ့ပါတယ်။ အာစင်နယ် ပရိတ်သတ်တွေအားလုံးဟာ ဒိုင်လူကြီး ရဲ့ ပွဲသိမ်းခရာ မှုတ်အပြီးမှာ အောင်ပွဲခံခဲ့ကြပြီး နောက်ထပ် ကြီးမြတ်တဲ့ အောင်မြင်မှု ရလဒ် တွေ ထပ်ပြီး ထွက်ပေါ်လာတော့မယ်ဆိုတာကို ယုံကြည်နေကြပါတယ်။
ဂန်းနားတွေရဲ့ အမှန်ကန်ဆုံး သဘောတူညီမှုတစ်ခုလို့ဆိုရမယ့် ဂိုးသမားအသစ် Petr Cech ဟာ ဒီပွဲမှာ အထူးလက်စွမ်းပြခဲ့တဲ့အတွက် ပရိတ်သတ်တွေရဲ့ လက်ခုပ်သြဘာကို တစ်ခဲနက် ရရှိခဲ့ပြီး ပွဲစဉ်အတွင်းမှာလည်း သူဟာ လက် ၃ ချောင်းကို ထောင်ပြပြီး အာစင်နယ် အသင်းဟာ ရာသီမစခင်မှာကတည်းက ဖလား ၃ လုံး ရယူပြီးပြီ လို့ ရည်ညွှန်းဖော်ပြခဲ့ပါတယ်။
အာစင်နယ် အသင်းဟာ ရာသီအကြို ပရီးမီးယားလိဂ် ခြေစမ်းပွဲတစ်ခုဖြစ်တဲ့ Barclay Asia Cup နဲ့ Emirates လေကြောင်းလိုင်းက စပွန်ဆာပေးထားတဲ့ ကလပ်အသင်း ၄ သင်းရဲ့ Emirates Cup တို့ကို ရရှိထားပြီးဖြစ်သလို အခုတစ်ကြိမ်လည်း ကွန်မြူနတီ ဒိုင်း ကို ရရှိခဲ့ပြန်ပါတယ်။
Petr Cech ရဲ့ ချဲလ်ဆီးအသင်းကနေ အာစင်နယ် အသင်းကို ပြောင်းရွှေ့လာမှုဟာ ဒီနှစ်အတွက်တော့ အထင်ကရ ပြောင်းရွှေ့မှု တစ်ခုဖြစ်နေပြီး အာစင်နယ် အသင်းအနေနဲ့လည်း ၁၁ နှစ်ကြာ ပရီးမီးယားလိဂ် ချန်ပီယံ ဘ၀ နဲ့ ဝေးကွာခဲ့မှုဟာ ဒီနှစ်မှာ အဆုံးသတ်ပြီး ပရီးမီးယားလိဂ် ဖလားကို လွှဲပြောင်းရယူနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။
( Mario )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Mirror
0 comments :
Post a Comment