Liverpool အသင်းရဲ့ အမာခံ ပရိတ်သတ် တစ်ယောက် ဖြစ်တဲ့ Cilla Black အသက် (၇၂) နှစ်တွင် ကွယ်လွန်
တီဗီ အစီအစဉ် တင်ဆက်သူ တစ်ယောက် ဖြစ်တဲ့ Cilla Black ကို စပိန် မှာ ရှိတဲ့ နေအိမ်မှာ
တနင်္ဂနွေနေ့ မနက်က ကွယ်လွန်နေတာ တွေ့ရပါတယ်။
Blind Date အစီအစဉ်ရဲ့ တင်ဆက်သူတစ်ဦးဖြစ်ခဲ့ဖူးတဲ့ Cilla ဟာ သူ့သက်တမ်း တစ်လျှောက်လုံး Liverpool အသင်းကို အားပေးခဲ့ပါတယ်။
၂၀၁၀ ခုနှစ်က talkSport ရေဒီယိုနဲ့ အင်တာဗျူးမှာ " ကျွန်မ မန်ချက်စတာ ယူနိုက်တက် အသင်းကို မုန်းပါတယ်။ " လို့ ဂုဏ်ယူစွာပြောပြီး Liverpool အသင်းအပေါ် သူမရဲ့ သစ္စာရှိရှိ အားပေးခဲ့ပုံကို ထုတ်ဖော်ခဲ့ပါတယ်။
၁၉၇၁ ခုနှစ်မှာ သူမဟာ ဂန္ထ၀င် Liverpool အသင်းရဲ့ မန်နေဂျာ Bill Shankly နဲ့ အတူ အသင်းရဲ့ ဂန္ထ၀င်နံပတ် ဖြစ်တဲ့ နံပတ် ၉ ဂျာစီကို ၀တ်ဆင်ပြီး ဘောလုံး အပျော်ကစားခွင့် ရခဲ့ပါတယ်။
စပိန် ရဲတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးကတော့ Cilla သေဆုံးမှုကို အတည်ပြုပြောကြားလိုက်ပြီး လက်ရှိ အခြေအနေမှာတော့ သူမဟာ သွေးရိုးသားရိုး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ပြောခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ အထောက်အထားအရတော့ Cilla ဟာ အလောင်းကို မတွေ့ခင်ညက သေဆုံးခဲ့တာ ဖြစ်ပြီး သူမဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကမှ သားသုံးယောက်ထဲက တစ်ယောက်နဲ့ စပိန်ကို လာခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
အသက် (၇၂) နှစ်ရှိပြီ ဖြစ်တဲ့ သူမဟာ မသေဆုံးခင် အချိန်အထိတော့ နားမကြားခြင်းနဲ့ အဆစ်အမြစ်ကိုက်ခဲခြင်း ရောဂါများ ခံစားနေရသူ တစ်ယောက်လည်း ဖြစ်ပါတယ်။Cilla ကို မေလ ၂၃၊ ၁၉၄၃ ခုနှစ်က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက သူမ Mirror သတင်းဌာန ကို ပြောကြားခဲ့တာကတော့ အသက် ၇၅ နှစ်ဟာ သူမအတွက် "သေဖို့ အကောင်းဆုံးအချိန်ပဲ" လို့ ပြောခဲ့ပါတယ်။
( TMW )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Mirror
၁၉၇၁ ခုမွေး.... အသက်က ၇၅ နှစ်... အင်း ကြည့်လုပ်ဦးနော့
ReplyDeleteမွေးမွေးပြီးချင်း ဘောလုံးကန်တယ်ပေါ့ ၁၉၇၁ မှာလေ ဂျာစီနံပါတ်(၉)ဝတ်ပြီးတော့မှ
ReplyDelete