Powered by Blogger.

ဘာစီလိုနာ အသင်းအတွက် အောင်ပွဲခံခြင်း မရှိခဲ့တဲ့ Pedro ၊ အသင်းပြောင်းနိုင်ချေရှိ


ဘာစီလိုနာ အသင်းအောင်ပွဲခံနေစဉ်မှာ ဘေးထွက်နေတဲ့ Pedro(ကျောနံပါတ် 7)


ဘာစီလိုနာ တိုက်စစ်မှုး Pedro ဟာ UEFA Super Cup ဖိုင်နယ်လ် ပွဲစဉ်အပြီးမှာ ဘာစီလိုနာ အသင်းကို စွန့်ခွာတော့မယ်ဆိုတာကို အောင်ပွဲခံချိန်မှာ ပြသ သွားခဲ့ပါတယ်။

စပိန် နိုင်ငံသား တောင်ပံ တိုက်စစ် ကစားသမား ဟာ ဘာစီလိုနာ အသင်းနဲ့ ဆီဗီလာ အသင်းတို့ ယှဉ်ပြိုင်ခဲ့တဲ့ UEFA Super Cup ဖိုင်နယ် ပွဲစဉ်မှာ အပြီးသတ် အနိုင်ဂိုး ကို သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပွဲပြီးခရာသံ မှုတ် အပြီးမှာ ဘာစီလိုနာ အသင်းရဲ့ အောင်ပွဲခံမှု ကို Pedro က ၀င်ရောက်ပါဝင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ တစ်ယောက်တည်း ဘေးမှာထွက်နေခဲ့တာကိုတွေ့ရပါတယ်။

အသက် ၂၈ နှစ်အရွယ် Pedro ဟာ ဘာစီလိုနာ အသင်းအတွက် ၅ ဂိုး မြောက် အဆုံးအဖြတ် အနိုင်ဂိုး ကို သွင်းယူပြီးတဲ့အခါမှာလည်း တစ်ယောက်ထဲအောင်ပွဲခံခဲ့ပါတယ်။ ဒါဟာ ဘာစီလိုနာ အသင်းရဲ့ အောင်မြင်မှုကို သူဂုဏ်ပြုခဲ့တာ မဟုတ်ပဲ သူခြေစွမ်းပြနိုင်တယ်ဆိုတာကို သာ ဂုဏ်ယူခဲ့တာပဲ ဖြစ်ပါတယ်။  မန်ချက်စတာယူနိုက်တက် အသင်းကလည်း အပြောင်းအရွှေ့ကာလ မပြီးဆုံးခင်မှာ Pedro ကို ၀ယ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။

Pedro ရဲ့ အေးဂျင့်က မီဒီယာတွေကို ထုတ်ဖော်ပြောပြခဲ့တာကတော့ ပွဲမစခင်မှာ Pedro ကို ခေါ်ယူချင်နေတဲ့ အသင်းတာဝန်ရှိသူက Pedro နဲ့ စကားလာပြောကာ ဘာစီလိုနာ ကနေထွက်ခွာဖို့ ပြောခဲ့ပြီး ဘာစီလိုနာ အသင်းကတော့ Pedro ကို အသင်းမှာပဲ ဆက်လက်ရှိနေစေချင်နေပါတယ်။

ထို ပွဲမှာတော့ ဘာစီလိုနာ အသင်းက ဆီဗီလာ အသင်းကို ၅ဂိုး-၄ဂိုး နဲ့ အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။ ဆီဗီလာ အသင်းဘက် က အဖွင့်ဂိုး ကိုသွင်းခဲ့ပြီးတဲ့နောက် Messi ရဲ့ ဂိုး၂ ဂိုး နဲ့အတူ ပထမပိုင်းရလဒ်ကို ၃ဂိုး-၁ဂိုး နဲ့ ဘာစီလိုနာ က ဦးဆောင်နေခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာတော့ ၄ဂိုး-၄ဂိုး နဲ့ သရေ ပြန်ကျသွားပါတယ်။ အချိန်ပို ဆက်လက် ကစားကြရမှာတော့ Pedro က ဘာစီလိုနာ အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment