Powered by Blogger.

ဆီဗီလာကို အနိုင်ယူပြီး ယူအီးအက်ဖ်အေစူပါဖလားကို ဘာစီလိုနာ ဆွတ်ခူး




ဘာစီလိုနာအသင်းဟာ မနေ့ ညက ကစားခဲ့တဲ့ ယူအီးအက်ဖ်အေစူပါဖလား ဗိုလ်လုပွဲမှာ စပိန်ပြိုင်ဘက် ဆီဗီလာကို ၅-၄ နဲ့ အနိုင်ယူပြီး ၂၀၁၅ တစ်နှစ်အတွင်း စတုတ္ထမြောက်ဖလားကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ၂၀၀၉ ခုနှစ်ကလည်း တစ်ရာသီအတွင်း ဖလားခြောက်လုံး စံချိန်တင်ရယူခဲ့ပြီး ယခု ၂၀၁၅ ခုနှစ်မှာလည်း လာလီဂါဖလား၊ ကိုပါဒယ်ရေးဖလား နဲ့ ချန်ပီယံလိဂ်ဖလား နဲ့ ယခု ယူအီးအက်ဖ်အေစူပါဖလား ကိုပါ ရရှိခဲ့တာကြောင့် ဖလားခြောက်လုံးစံချိန်ကို နောက်တစ်ကြိမ်ပြန်ယူနိုင်တော့မလားဆိုတာ စောင့်ကြည့်ရမှာပါ။

ဘာစီလိုနာအသင်းဟာ ပြိုင်ဘက် ဆီဗီလာကို ခက်ခက်ခဲခဲရင်ဆိုင်ကစားခဲ့ရပြီး ပွဲချိန်အတွင်းမှာ ၄-၄ သရေကျနေတာမို့ အချိန်ပိုဆက်လက်ကန်ခဲ့ရာ ၁၁၅ မိနစ်မှာ Pedro က Messi ရဲ့ဖရီးကစ်ကနေ တဆင့်ထွက်လာတဲ့ဘောလုံးကို ပိတ်သွင်းပြီး ဘာစီလိုနာတို့ အတွက် ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဘာစီလိုနာဟာ လာမယ့် သောကြာနေ့ နဲ့ နောက် တင်္နလာနေ့ တို့ မှာ ဘီဘာအို အသင်းနဲ့ စူပါကိုပါဖလား လုရမှာဖြစ်ပြီး နှစ်ကုန်ဒီဇင်ဘာမှာလည်း ဖီဖာကမ္ဘာ့ကလပ် ဖလား ကန်ရမှာဖြစ်တဲ့အတွက် တစ်နှစ်အတွင်း ဖလားခြောက်လုံးရယူထားတဲ့ စံချိန်ကို နှစ်ခါတင်နိုင်တော့မလားဆိုတာ စိတ်ဝင်စားစရာပါ။

( Ye Wint )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Yahoo!
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment