Powered by Blogger.

အိမ်တွင်းအကြမ်းဖက်မှု နဲ့ အဖမ်းခံလိုက်ရတဲ့ ပရီးမီးယားလိဂ် ကစားသမား




ပရီးမီးယားလိဂ် ဘောလုံးသမား တစ်ယောက် ဖြစ်တဲ့ Diafra Sakho ဟာ အိမ်တွင်းအကြမ်းဖက်မှု တစ်ခုမှာ သံသယ ရှိသူ ဖြစ်လာတဲ့အတွက် အဖမ်းခံလိုက်ရပါတယ်။

ဝက်စ်ဟမ်း အသင်းရဲ့ တိုက်စစ်မှုးလည်း ဖြစ်တဲ့ Sakho ဟာ ဗြိတိန် နိုင်ငံ ၊ Essex ပြည်နယ် ၊ Hornchurch မြို့မှာ ရှိတဲ့ သူ့ရဲ့ စတာလင်ပေါင် ၃ သန်းတန် အိမ်မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အဖမ်းခံလိုက်ရတာပဲ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှုးဟာ လက်ရှိမှာတော့ လန်ဒန်မြို့အရှေ့ပိုင်းက Tower Hamlets မြို့နယ် ရဲစခန်းမှာ ဖမ်းဆီး အကျဥ်းချခံထားရပြီး စက်တင်ဘာလ အထိ ဖမ်းဆီး ထိန်းသိမ်းထားမှာ ဖြစ်တယ်လို့လည်း သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

ဆီနီဂေါ နိုင်ငံ လက်ရွေးစင် ကစားသမား Sakho ဟာ ၀က်စ်ဟမ်း အသင်းကို မနှစ်ကပဲ စတာလင်ပေါင် ၃.၅ သန်း နဲ့ ပြောင်းရွှေ့လာခဲံပြီး သူ့ရဲ့ ပထမဆုံး ဘောလုံး ရာသီမှာ ၁၂ ဂိုးသွင်းယူခဲ့ပြီး လက်ရှိမှာတော့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၁၅ သန်း အဖြစ် သတ်မှတ်ခံထားရတဲ့ ကစားသမား တစ်ယောက်ပဲ ဖြစ်ပါတယ်။

ထို ဖမ်းဆီးမှုဟာ ၀က်စ်ဟမ်း အသင်းရဲ့ လန်ဒန် မြို့ခံ ပြိုင်ဘက် အာစင်နယ် အသင်းကို ၂ဂိုး-ဂိုးမရှိ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်မတိုင်မီ ၃ ရက်ခန့်အလို မှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Sakho ကို ဖမ်းဆီးဖို့ တိုင်ကြားခဲ့သူ ဘယ်သူဘယ်ဝါဆိုတာတော့ မသိကြသေးပါဘူး။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment