Powered by Blogger.

ဝက်စ်ဟမ်းကို ရှုံးခဲ့တဲ့ ရလဒ် ကို အဖတ်ဆယ်ဖို့အတွက်တော့ လူသစ်ထပ်မခေါ်ဘူးလို့ Arsene Wenger ဆို




အာစင်နယ် အသင်းရဲ့ ပဲ့ကိုင်ရှင်ကြီး Arsene Wenger ဟာ ရာသီ အစ ပရီးမီးယားလိဂ် ပွဲစဉ်မှာတင် ၀က်စ်ဟမ်း အသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပေမယ့်လည်း အပြောင်းအရွှေ့ဈေးကွက်ထဲကို နောက်တစ်ကြိမ် ခြေချမှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။

ဂန်းနားတွေဟာ ဒီနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီ ရဲ့ ပထမဆုံး ပွဲစဉ်အဖြစ် ၀က်စ်ဟမ်း အသင်းနဲ့ အာစင်နယ်ရဲ့ အိမ်ကွင်းဖြစ်တဲ့ Emirates ကွင်းကြီးမှာ ယှဉ်ပြိုင်ခဲ့ရာမှာ ၂ဂိုး-ဂိုး မရှိ နဲ့ ရှုံးနိမ့်ခဲ့ရတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မျက်နှာပန်းမလှတဲ့ အသင်းရဲ့ ပွဲဦးထွက် အခြေအနေတွေကို လူသစ်တစ်ယောက် ၀ယ်ယူအားဖြည့်ပြီတော့ အဖတ်ဆယ်ဖို့တော့ Wenger က ဆန္ဒမရှိဘူးလို့ဆိုပါတယ်။ လက်ရှိ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာလည်း အာစင်နယ် အသင်းဟာ ကစားသမားတစ်ယောက်ယောက်ကို လက်မှတ်ထိုး ခေါ်ယူဖို့ နီးစပ်နေတဲ့ အနေအထားလည်း မရှိသလို ကောလာဟလ တွေထွက်ပေါ်နေတဲ့ ရီးရဲမက်ဒရစ် ကစားသမား Karim Benzema ကို ခေါ်ယူဖို့အတွက်လည်း ဒါရိုက်တာတွေ သွားရောက်တွေ့ဆုံခဲ့တယ်ဆိုတာ မှန်ကန်ခြင်း မရှိကြောင်း Wenger က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အာစင်နယ် အသင်းဘက်က Karim Benzema ကို ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာမှန်ပေမယ့်လည်း အစောကတည်းက သူတို့ရဲ့ ကမ်းလှမ်းမှု ဟာ ပယ်ချခံထားရပြီးသားပါ။ ဒါ့အပြင် ရီးရဲမက်ဒရစ် အသင်းဘက်က Karim Benzema အတွက် တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကိုလည်း အာစင်နယ် အသင်းဘက်က ပေးလိုတဲ့ ဆန္ဒမရှိပါဘူး။

ဝက်စ်ဟမ်း အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာလည်း Arsene Wenger က သူ့အသင်းရဲ့ ကစားသမား တွေကို အ၀တ်လဲခန်းထဲမှာ အပြစ်တင် ပြောဆိုခဲ့ခြင်းလည်း မရှိပဲ လာမယ့် ရက်အနည်းငယ်အတွင်းမှာတော့ ထရိနင်လေ့ကျင့်ရင်း နဲ့ သူ့ရဲ့ ကစားသမားတွေကို ဖိအားပေးဖို့ အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment