Powered by Blogger.

လီဗာပူး အသင်း ကို စွန့်ခွာတော့မယ့် Lucas






လီဗာပူး အသင်းရဲ့ ကစားသမား Lucas ဟာ ရာသီ အဖွင့်ပွဲစဉ်နေ့မှာ လူစားလဲ ခံလိုက်ရပြီးတဲ့နောက် လီဗာပူး အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

Lucas ရဲ့ လီဗာပူးကို စွန့်ခွာချင်နေမှုမှာ အကျိုးအမြတ်ရှိလာသူကတော့ စီးရီးအေ ထိပ်တန်း ကလပ် ဖြစ်တဲ့ အင်တာမီလန် ပဲ ဖြစ်ပါတယ်။ အင်တာမီလန် ဟာ Lucas ကို ခေါ်ယူဖို့အတွက် အဆင်သင့်ဖြစ်နေပြီး လီဗာပူး အသင်းနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီးဖြစ်ပါတယ်။

အင်တာမီလန် အသင်းနဲ့ လီဗာပူး အသင်းတို့ရဲ့ သဘောတူညီမှု ဟာ Lucas ကို ၁ နှစ်အငှားချထားဖို့ များနေပါတယ်။ Lucas ဟာ တနင်္ဂနွေနေ့က စတုတ်စီးတီး အသင်းနဲ့ ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လီဗာပူး အသင်းရဲ့ မန်နေဂျာ Brendan Rodgers ရဲ့ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေကြောင့် လူစားလဲခံလိုက်ရတဲ့အပေါ် ဘရာဇီး လက်ရွေးစင် အလယ်တန်းကစာသမား Lucas က မကျေနပ်ခဲ့ပါဘူး။

Bredan Rodgers ရဲ့ ဆုံးဖြတ်ချက်တစ်ခုဟာ အသက် ၂၈ နှစ်အရွယ် ကစားသမား Lucas ရဲ့ အန်ဖီးလ် ကွင်းမှာ ၈ နှစ်ကြာရှိနေမယ့် သဘောတူညီမှုကို ပယ်ဖျက်ဖို့ အထိ ဖြစ်သွားစေနိုင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း အသင်းရဲ့ ဒု-ကပ္ပတိန် အသစ် James Milner ကလည်း Jordan Henderson ၊ Emre Can ၊ Joe Allen တို့နဲ့ ပိုမို အဆင်ပြေနေတာကိုလည်း တွေ့ရပါတယ်။

Lucas ကို စိတ်ဝင်စားမှုတွေဟာ အီတလီ ကနေပဲ ထွက်ပေါ်လာတာဖြစ်ပါတယ်။ စီးရီးအေ အသင်းတစ်သင်းဖြစ်တဲ့ နာပိုလီ အသင်းကလည်း Lucas ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အင်တာမီလန် အသင်းကတော့ အကောင်းဆုံး ချဉ်းကပ်မှု မျိုးနဲ့ ဒီနှစ်ဘောလုံးရာသီမှာ Lucas ကို အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ သေချာသလောက်ဖြစ်နေခဲ့ပါပြီ။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment