Powered by Blogger.

ပရီးမီးယားလိဂ်အသင်းတွေဟာ စုစုပေါင်း စတာလင်ပေါင် ၈.၄ ဘီလီယံအထိ တန်ကြေးရှိနေပြီး ဒီထက်ပိုများလာဖို့ သာ ရှိ




မန်ချက်စတာယူနိုက်တက်အသင်းက စတာလင်ပေါင် ၁.၈၅ ဘီလီယံနဲ့ အချမ်းသာဆုံး ပရီးမီးယားလိဂ်အသင်းစာရင်းမှာ ဦးဆောင်နေပြီး တန်းတက် ဘွန်းမောက် အသင်းက ပေါင် ၁၀၄ မီလီယံအထိ တန်ကြေးရှိပါတယ်။

ပရီးမီးယားလိဂ်အသင်းတွေဟာ အခုဆိုရင် ငွေကြေးတန်ဖိုး ပေါင် ၈.၄ ဘီလီယံအထိ ရှိနေပြီး သူတို့ ရဲ့စီးပွားတက်မှုက ရပ်သွားမယ့် အရိပ်အယောင်မရှိဘူးလို့ သိရပါတယ်။

အာဆင်နယ်အသင်းက ၁.၁၂ ဘီလီယံပေါင် နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး မန်ချက်စတာစီးတီးအသင်းက ၀.၉၁ ဘီလီယံပေါင်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။

Richard Scudamore တစ်ယောက် ပရီးမီးယားလိဂ်ဥက္ကဌအဖြစ် ၁၉၉၉ ခုနှစ်မှာ ရွေးချယ်ခံရပြီးချိန်ကစပြီး အသင်းတွေရဲ့ တန်ဖိုးဟာ ၄၆၀ ရာခိုင်နှုန်းအထိ တိုးတက်လာတယ်လို့ ကိန်းဂဏန်းတွေက ဖော်ပြထားပါတယ်။

ကလပ်အသင်းဝယ်ယူသူ၊ ရောင်းချသူတွေနဲ့ အလုပ်တွဲလုပ်ခဲ့တဲ့ Markham က အသင်းတွေရဲ့ ဘဏ်စာရင်းဝင်ငွေ၊ ပိုင်ဆိုင်မှုပစ္စည်းတန်ဖိုး၊ အမြတ်အစွန်း တွေကို ရှုပ်ထွေးတဲ့ဖော်မြူလာတစ်ခုသုံးကာ အသင်းတစ်သင်းစီဟာ ဘယ်လောက် တန်ကြေး ရှိလဲဆိုတာ တွက်ချက်ခဲ့တာဖြစ်ပါတယ်။

“ ပရီးမီးယားလိဂ်ကို ရောက်လာတာနဲ့ တင် အသင်းတစ်သင်းရဲ့ တန်ကြေးက ပေါင် ၆၀ မီလီယံလောက် ခုန်တက်သွားတယ်” လို့ Markham က ပြောပြခဲ့ပါတယ်။

“၂၀၁၆-၂၀၁၇ ရာသီမှာ ရုပ်သံချုပ်ဆိုမှုအသစ်တွေက ၀င်ငွေတွေ ထပ်ဝင်လာရင်၊ အသင်းတိုင်းရဲ့ တန်ကြေးက သန်းပေါင်း များစွာ တိုးလာပါဦးမယ်” လို့ သူက ဆက်လက် ပြောပြခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment