Powered by Blogger.

ဘောလုံးကစားခြင်းမှာ ပျော်ဝင်နေရတာကို လွမ်းတယ်လို့ ဆိုတဲ့ Paul Scholes




မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္တ၀င် ကစာသမားဟောင်း Paul Scholes ဟာ ဘောလုံးကန်ခြင်း ကို သတိရနေပြီး နည်းပြ ဘ၀ ကို ရောက်မှန်းမသိ ရောက်ခဲ့ရတယ်လို့ ၀န်ခံ ပြောဆိုလိုက်ပါတယ်။

Paul Scholes ဟာ ၂၀၁၃ ခုနှစ်မှာ ဘောလုံးလောက ထဲ က ထွက်ခဲ့ပြီး မန်ချက်စတာယူနိုက်တက် အသင်းကို လေ့ကျင့်ရေး နည်းပြ လုပ်နေတဲ့ သူ့ရဲ့ ကစားဖော်ဟောင်း Ryan Giggs ရဲ့ လက်ထောက်အဖြစ် လုပ်ကိုင်ခဲ့တာပဲ ဖြစ်ပါတယ်။  ဒါပေမယ့်လည်း အခုတော့ သူက ထုတ်ဖော်ပြောဆိုလိုက်ပါပြီ။ သူ့အနေနဲ့ ဘောလုံးလောက ထဲကို ပြန်ဝင်ချင်နေပါတယ်တဲ့။

"ဘောလုံးကစားခြင်းမှာ ပျော်ဝင်နေရတာကို ကျွန်တော်လွမ်းတယ်" လို့ Paul Scholes ကဆိုပါတယ်။ လက်ရှိမှာတော့ Paul Scholes ဟာ လိဂ်တွေမှာပါဝင်ယှဉ်ပြိုင်ခြင်းမရှိသေးတဲ့ Salford City ဆိုတဲ့ ဘောလုံးအသင်းတစ်သင်းကို သူနဲ့ ၁၉၉၂ခုနှစ် မန်ယူလက်ထွက် ကစားဖော်တွေဖြစ်ကြတဲ့ Ryan Giggs ၊ Nicky Butt ၊ Gary Neville ၊ Phil Neville တို့နဲ့အတူ ပိုင်ဆိုင်ထားပါတယ်။

Paul Scholes ဟာ ဒီအကြောင်းတွေကို စက်တင်ဘာလ အစပိုင်းမှာ BBC One အစီအစဉ်က တင်ဆက်ပြသမယ့် Salford City 'Class of 92:Out of Their League' ဆိုတဲ့ အပိုင်း ၃ ပိုင်းပါတဲ့ မှတ်တမ်းရုပ်ရှင်ထဲမှာ ပြောဆိုထားခြင်းပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment