Powered by Blogger.

ဘောလုံးသမား အေဂျင်စီ ထောင်လိုက်တဲ့ Iker Casillas




Iker Casillas ဟာ သတ်မှတ်ထားတဲ့ ဘောလုံးသမားတွေအတွက် အေဂျင်စီ တစ်ခု တည်ထောင်လိုက်ခြင်းအားဖြင့် သူ့ရဲ့ ခေတ်သစ်စာမျက်နှာတစ်ခုကို စတင်လိုက်ပါပြီ။

စပိန် ဂန္တ၀င် ကစားသမားကြီး ဒီနှစ်နွေရာသီမှာ သူ့ရဲ့ နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့တဲ့ အသင်းဟောင်း ရီးရဲမက်ဒရစ်ကို စွန့်ခွာပြီး ပေါ်တို အသင်းကို ပြောင်းရွှေ့သွားခဲ့တာပဲ ဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ အေးဂျင့်ဖြစ်သူ Carlo Cutropia နဲ့ ပူးပေါင်းပြီး Casillas World ဆိုတဲ့ အေဂျင်စီတစ်ခုကို တည်ထောင်လိုက်ပါပြီ။

မက်ဒရစ်မြို့ မှာ ရှိတဲ့ Pozueloz de Alarcon ဆိုတဲ့ ဈေးတစ်ခုမှာ သူ့ရဲ့ ကုမ္မဏီ ကို ဖွင့်လှစ်ထားပြီး ကိုယ်စားပြုဆောင်ရွက်ပေးခြင်း ၊ အကြံပေးခြင်း နဲ့ ပရော်ဖက်ရှင်ကစားသမားများ စာချုပ်ချုပ်ခေါ်ယူခြင်းမှာ ကြားဝင် စေ့စပ်ပေးခြင်းဆိုတဲ့ ၀န်ဆောင်မှု တွေကို ဆောင်ရွက်ပေးတယ်လို့လည်း သိရပါတယ်။

ဒါဟာ Casillas အနေနဲ့ လက်ရှိခေတ်စားနေတဲ့ စပိန် ဘောလုံးသမားတွေ ဘောလုံးသမား ဘ၀မှ အနားယူ တဲ့အခါမှာ အေဂျင်စီတွေအဖြစ်ပြောင်းလဲလုပ်ကိုင်တဲ့ ခေတ်ရေစီးကြောင်း နောက်ကို လိုက်လာတာပဲ ဖြစ်ပါတယ်။

စပိန် အလယ်တန်းကစားသမား တစ်ယောက်ဖြစ်တဲ့ Ivan de la Pena ဟာ လည်း ဘောလုံးသမားတွေကိုယ်စား ဆောင်ရွက်ပေးတဲ့ အေဂျင်စီ ကို ပြောင်းလဲလုပ်ကိုင်နေသလို စပိန်ကစားသမားတစ်ယောက်ဖြစ်တဲ့ Carles Puyol နဲ့ ဘာစီလိုနာ ကစားသမား ဘရာဇီးလ်သား Dani Alves တို့ကလည်း အေဂျင်စီ ထောင်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဘရာဇီးလ် နောက်တန်းကစားသမား တစ်ယောက်ဖြစ်တဲ့ Alves နဲ့ ရင်းနှီးသူတစ်ဦးက ပြောပြခဲ့တာကတော့ Alves အေဂျင်စီ လုပ်ငန်းကို ဆောင်ရွက်ဖို့အတွက် ရပ်အဆိုတော် Jay-Z ရဲ့ Roc Nation ကုမ္မဏီ ကို ကြည့်ပြီး စိတ်ကူးရခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment