Powered by Blogger.

ှမန်ယူကစားသမားဟောင်းတွေ Salford City အသင်းကို ၀ယ်ယူရာမှာ Beckham မပါဝင်ခဲ့တဲ့ အကြောင်းကို Ryan Giggs ရှင်းလင်း




မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တ၀င် ကစားသမားဟောင်း Ryan Giggs ဟာ  မန်ယူ ကစားသမားဟောင်းတွေ ပေါင်းပြီး လိဂ်တွေမှာ ပါဝင်ယှဉ်ပြိုင်ခြင်း မရှိသေးတဲ့ Salford City အသင်း မှာ ရင်းနှီးမြှပ်နှံတဲ့ ပရောဂျက်မှာ  သူ့ရဲ့ ကစားဖော်ဟောင်း David Beckham မပါဝင်ခြင်းနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောပြခဲ့ပါတယ်။

Ryan Giggs ဟာ ၁၉၉၂ ခုနှစ်က အတွဲညီခဲ့တဲ့ မန်ယူကစားသမားဟောင်းတွေဖြစ်ကြတဲ့ Nicky Butt ၊ Paul Schole ၊ Gary Neville ၊ Phil Neville တို့နဲ့ ပူးပေါင်းပြီး Salford City ဆိုတဲ့ အပျော်တမ်း ဘောလုံး အသင်းကို ၀ယ်ယူကာ သူတို့ရဲ့ ပထမဆုံး ဘောလုံး ရာသီအနေနဲ့ ပရိုးမိုးရှင်းတွေ ပြုလုပ်သွားဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်။

ဝေလ ကစားသမားဟောင်း Giggs က Beckham ကို သူတို့ရဲ့ အတူ ပရောဂျက်မှာ ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့်လည်း Beckham က ဖလော်ရီဒါ မှာ မေဂျာလိဂ် နဲ့ ပတ်သက်တဲ့ အလုပ်တွေရှုပ်နေတာကြောင်း ပါဝင် ခြင်း မရှိခဲ့တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ "ဖိတ်ခေါ်ကမ်းလှမ်းမှု ရှိခဲ့ပါတယ်" လို့ Giggs က ဆိုပါတယ်။

"Beckham ဟာ မေဂျာလိဂ် က စီးပွားရေး ကိစ္စတွေနဲ့ အလုပ်ရှုပ်နေခဲ့ပါတယ်။ ဒါကြောင့် အချိန်ကိုက် စီစဉ်ထားမှု ဟာ အဆင်မပြေခဲ့ပါဘူး။ သူဟာ အရင်ကလည်း အလုပ်များနေခဲ့သလို အခုလည်း အလုပ်များနေဆဲပဲ ဖြစ်ပါတယ်။ ဒါဟာ ရှက်ဖို့ ကောင်းခဲ့ပါတယ်" လို့ Giggs ကဆိုပါတယ်။

မန်ယူအသင်းရဲ့ ဂန္တ၀င်ကစားသမားကြီး Ryan Giggs က A Class of 92:Out of Their League ဆိုတဲ့ တယ်လီဗေးရှင်း မှတ်တမ်း ရုပ်ရှင်တစ်ခုကို BBC ရုပ်သံဌာန က တစ်ဆင့် စက်တင်ဘာလမှာ ပြသသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ထို မှတ်တမ်းရုပ်ရှင်မှာတော့ မန်ချက်စတာ ရဲ့ နာမည်ကြီး ကစားသမား ဟောင်းတွေ ထိန်းချုပ်မှု လက်အောက်က Salford အသင်းရဲ့ အခြေအနေတွေကို တင်ပြသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment