Powered by Blogger.

Nicolas Otamendi ကို ပေါင် ၂၈သန်းနဲ့ ခေါ်ယူဖို့ Manchester City အသင်း သဘောတူညီမှုရရှိ




Manchester City အသင်းဟာ Valencia နောက်ခံလူ Nicolas Otamendi ကို ခေါ်ယူဖို့ သဘောတူညီချက်ရရှိဖို့ နီးကပ်နေပြီလို့ Skysports သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

Otamendi ရဲ့ အပြောင်းအရွှေ့ သဘောတူညီချက်ဟာ Manchester City နောက်ခံကစားသမား Eliaquim Mangala ကို Valencia အသင်းဆီ အလဲအလှယ်အနေနဲ့ အငှားပြန်ချမလား ဆိုတဲ့အချက်အပေါ် အဓိကမူတည်နေပါတယ်။

အာဂျင်တီးနားလက်ရွေးစင် Otamendi ဟာ အသင်းက စာချုပ်မပြည့်ခင်အသင်းက ထွက်ခွာမယ်ဆိုရင် ပေါင် သန်း ၅၀ ပေးဆောင်ရမှာဖြစ်ပြီး Valencia အသင်းဟာ Mangala ကို အစားပြန်မရရင် ဒီ ဈေးနှုန်းထက် လျော့ပြီး ရောင်းချဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။

Otamendia ဟာ Mancity အသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီချက်ရရှိထားပြီးဖြစ်ပြီး Valencia အသင်းနဲ့ လေ့ကျင့်ရေးဆင်းဖို့ ကိုပါ ငြင်းဆန်နေပါတယ်။

စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ AS ရဲ့ အဆိုအရ Mancity အသင်းဟာ ပေါင် ၂၈ သန်းအပြင် Mangala ကိုပါ အငှားနဲ့ အလိုက်ပေးပြီး Otamendi ကို ခေါ်ယူဖို့ ကလပ်အသင်းနှစ်ခုကြား သဘောတူညီချက်ရရှိခဲ့ပြီလို့ ဖော်ပြခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : SkySports

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment