Powered by Blogger.

ချဲလ်ဆီး အသင်း အနည်းဆုံး ကစားသမား ၃ ယောက်ထပ်ခေါ်ဦးမည်




ချဲလ်ဆီးအသင်းဟာ ရာသီအစမှာတင် မန်ချက်စတာ စီးတီး အသင်းကို မချိမဆန့် ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ ကစားသမား အသစ်ထပ်ခေါ်ဖို့အတွက် ခွင့်ပြုချက် မီးစိမ်းပြလိုက်ပါပြီ။

လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ ချဲလ်ဆီး အသင်းဟာ တနင်္ဂနွေနေ့က မန်ချက်စတာစီးတီး အသင်းကို Etihad ကွင်းကြီးမှာ ၃ဂိုး-ဂိုးမရှိ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ မန်နေဂျာ ဖြစ်တဲ့ Jose Mourinho ရဲ့ ပွဲချိန် တစ်ဝက်မှာ အသင်းခေါင်းဆောင် John Terry ကို လူစားလဲခဲ့တဲ့ အံ့သြဖွယ်ကစားကွက် ပြောင်းလဲမှု ကြောင့်လည်း အခုလို ရှုံးနိမ်းခဲ့ရတာဖြစ်ပါတယ်။ ချဲလ်ဆီးရဲ့ ကစားကွက် ဟာ နောက်တန်းမှာ အားနည်းသွားခဲ့တာပဲ ဖြစ်ပါတယ်။

အခုတော့ လန်ဒန်အခြေစိုက် ချဲလ်ဆီး အသင်းရဲ့ ပိုင်ရှင် ရုရှား ဘီလီယံ နာ Abramovich က အပြောင်းအရွှေ့ကာလ မပြီးဆုံးခင် ၂ ပတ် အတွင်းမှာ ကစားကွက်ကို ပြန်လည် တည်ဆောက်နိုင်ဖို့ လိုအပ်တဲ့ ကစားသမားတွေ ထပ်ပြီးခေါ်ယူနိုင်စေရန် Mourinho ကို ငွေကြေး အလုံအလောက် သုံးစွဲခွင့် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သတင်းတွေအရတော့ မော်ရင်ဟို ဟာ အနည်းဆုံး ၃ ယောက် လက်မှတ်ထိုး ခေါ်ယူဦးမှာပါ။

လက်ရှိမှာတော့ ချဲလ်ဆီး အသင်းဟာ အဲဗာတန်နောက်ခံလူ John Stones ကို ခေါ်ယူနိုင်ဖို့ ခြေလှမ်းတွေပြင်ဆင်နေပါတယ်။ ချဲလ်ဆီးဟာ John Stones အတွက် စတာလင်ပေါင် သန်း ၂၀ နဲ့ တစ်ကြိမ် ၊ စတာလင်ပေါင် ၂၆ သန်း နဲ့ တစ်ကြိမ် ကမ်းလှမ်းခဲ့ဖူးပေမယ့်လည်း အဲဗာတန် အသင်းဘက်က ပယ်ချခဲ့တဲ့အတွက် အခုတစ်ကြိမ်မှာလည်း စတာလင်ပေါင် သန်း ၃၀ နဲ့ ထပ်မံ ကမ်းလှမ်းထားပြန်ပါတယ်။

ဒါ့အပြင် လည်း Mourinho အနေနဲ့ အလယ်တန်းဗဟို ကစာသမား တစ်ယောက်နဲ့ တိုက်စစ်မှုး တစ်ယောက်တော့ ထပ်ပြီး ၀ယ်ယူဖို့ လိုအပ်နေဦးမှာပါ။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment