Powered by Blogger.

မန်ယူအသင်းက Adnan Januzaj ကို အဓိက တိုက်စစ်မှုး အဖြစ်ထားတော့မည်




မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ပဲ့ကိုင်ရှင်ကြီး Louis van Gaal က Adnan Januzaj ဟာ မန်ယူအသင်းမှာ အဓိက လိုအပ်နေတဲ့ တိုက်စစ်မှုး နေရာအတွက် ကစားနိုင်တဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားတယ်လို့ အခိုင်အမာဆိုလိုက်ပါတယ်။

ဟော်လန် နိုင်ငံသား မန်ယူ အသင်းရဲ့ မန်နေဂျာ Van Gaal က ဒီနေ့ည မှာ Club Brugge နဲ့ ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ် ခြေစစ်ပွဲ စဉ်အတွက် ရည်ရွယ်ပြီးပြောလိုက်တာပဲ ဖြစ်ပါတယ်။

Adnan Januzaj ဟာ သောကြာင်္နေ့က ယှဉ်ပြိုင်ခဲ့တဲ့ အက်စတွန်ဗီလာ နဲ့ ပွဲစဉ်မှာ သူ့ရဲ့ ခြေစွမ်းအမှန်ကို ရရှိခဲ့တဲ့အတွက် မန်နေဂျာကြီး Van Gaal ရဲ့အတွေးထဲကို မန်ယူ အသင်းရဲ့ လက်ရှိလိုအပ်နေတဲ့ တိုက်စစ်မှုးနေရာမှာ အစားထိုးဖို့ စိတ်ကူးရသွားစေခဲ့တာပဲ ဖြစ်ပါတယ်။

"ကျွန်တော့်မှာ ကျွန်တော့် အသင်းက ကစားသမားတွေနဲ့ ပတ်သက်ပြီး အမြဲတမ်းယုံကြည်မှု ရှိတယ်။ ကျွန်တော်တို့မှာ Wayne Rooney တစ်ယောက်ပဲ တိုက်စစ်မှုး အဖြစ် ရှိတာမဟုတ်ပါဘူး။ ကျွန်တော်တို့မှာ Adnan Januzaj လည်း ရှိပါသေးတယ်။" လို့ Van Gaal က ဆိုပါတယ်။

အကယ်၍ Rooney ကို အဓိက ထားတဲ့ ကစားကွက်ကိုသာ ဒီညမှာ ထုတ်သုံးဖြစ်ခဲ့ရင်တော့ Van Gaal ဟာ ဘယ်ဂျီယံသား Januzaj ကို အသင်းရဲ့ အဓိက တိုက်စစ်နေရာမှာ ထားပြီး ကစားသွားဖွယ်ရှိနေပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment