Powered by Blogger.

မန်စီးတီးကို ရှုံးခဲ့တာဟာ အတုအယောင် ရလဒ် တစ်ခု ဖြစ်တယ်လို့ Mourinho ဆို




ချဲလ်ဆီး အသင်းရဲ့ ပဲ့ကိုင်ရှင်ကြီး Jose Mourinho က မန်စီးတီး အသင်းကို ၃ဂိုး-ဂိုးမရှိ နဲ့ ရှုံးနိမ့်ခဲ့တာဟာ ရလဒ်အတု တစ်ခုသာဖြစ်ပြီး သူ့အသင်းအနေနဲ့ ပိုပြီး လုပ်နိုင်စွမ်းရှိခဲ့တယ်လို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

ချဲလ်ဆီး ကစားသမားတွေဟာ မန်စီးတီး အသင်းက ကစားသမားတွေဖြစ်တဲ့ Sergio Aguero ၊ Vincent Kompany နဲ့ Fernandinho တို့ကို တားဆီးနိုင်စွမ်းမရှိခဲ့ပဲ ပရီးမီးယားလိဂ် ပွဲစဉ်ဒုတိယ ပွဲ အဖြစ် မန်စီးတီး အသင်းကို ၃ဂိုး-၁ဂိုး နဲ့ ရှုံးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Mourinho က သူ့အသင်းဟာ ဒုတိယ ပိုင်းမှာ ခြေစွမ်းအသာရခဲ့ပြီး မန်စီးတီး အသင်းရဲ့ လွှမ်းမိုးထားမှုဟာ ပထမပိုင်းအပြီးအထိသာ ဖြစ်တယ်လို့ ဆိုခဲ့တာပဲ ဖြစ်ပါတယ်။

"ပထမပိုင်းမှာ အကောင်းဆုံးအသင်းက ပွဲကို အနိုင်ရခဲ့ပါတယ်။ ဒုတိယ ပိုင်းမှာ အကောင်းဆုံး အသင်းကတော့ ချဲလ်ဆီး ဆိုတာသေချာပါတယ်။ ပထမပိုင်းတုန်းက ငါတို့မှာ အခက်အခဲတွေရှိခဲ့ပါတယ်။ ငါတို့ အများကြီးမဖန်တီးနိုင်ခဲ့ဘူး။ဂိုးသမားကလည်း အရးကြီးတဲ့ ထိန်းချုပ်မှု အနည်းငယ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။ မိနစ် ၇၀ အထိ ၁ဂိုး-ဂိုးမရှိ ဆိုတဲ့ ရလဒ်အတိုင်းပဲ ဖြစ်နေမယ်ဆိုရင် ၃ဂိုး-ဂိုးမရှိဆိုတာဟာ အတုအယောင် ရလဒ်တစ်ခုပါ" လို့ Mourinho က ဆိုပါတယ်။

ဒါ့အပြင် Mourinho က မီဒီယာတွေကိုလည်း ဝေဖန်ခဲ့တာရှိပါသေးတယ်။ အဲဒါကတော့ မန်စီးတီးအသင်းဟာ Raheem Sterling ကို Martin Demichelis နဲ့ လူစားလဲခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်ရေးသားမှုတွေ မရှိခဲ့တာကြောင့်လို့ လည်း သိရပါတယ်။

"သူတို့က ၁ဂိုး-ဂိုးမရှိ ဆိုတာကို အန္တရာယ်ရှိတယ်လို့ ထင်လိုက်ကြပြီး ပြောင်းလဲမှု တစ်ခုကို လုပ်ခဲ့တာပါ။ အကယ်၍သာ ၁ဂိုး-၁ဂိုး ဖြစ်သွားခဲ့ရင် သူတို့ ဒုက္ခရောက်ပါပြီ။ Martin Demichelis ကို လူစားလဲပြီး နောက်တန်းကို အားဖြည့်ခဲ့တာ ဟာ အမျော်အမြင်ရှိတဲ့ လူစားထိုးမှု တစ်ခုပါ" လို့ Mourinho က ဆိုလိုက်ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment