Powered by Blogger.

မန်ယူအသင်းရဲ့ ကစားသမားသစ်တွေကို Wayne Rooney ကြိုဆိုနှုတ်ခွန်းဆက် စကားဆို




မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ Bastian Schweinsteiger နဲ့ Morgan Schneiderlin တို့ကိုခေါ်ယူနိုင်ခဲ့တာဟာ စိတ်ဝင်စားဖို့ ကောင်းတယ်လို့ မန်ယူ တိုက်စစ်မှုး Wayne Rooney က ကြိုဆိုနှုတ်ခွန်းဆက် စကားဆိုခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းနဲ့ ဆောက်သမ်ပတန် အသင်းတို့ကနေ စတာလင်ပေါင် ၁၅ သန်း နဲ့ စတာလင်ပေါင် ၂၄ သန်းစီ ပြောင်းရွှေ့ကြေးပေးလိုက်ရပြီးမှ မန်ယူကို ရောက်ရှိလာတဲ့ အလယ်တန်းကစားသမား ၂ ယောက်ဖြစ်တဲ့ Bastian Schweinsteiger နဲ့ Morgan Schneiderlin တို့ဟာ မန်ယူ ရဲ့ လာမယ့်ဘောလုံးရာသီ ကစားကွက် အသစ်အတွက် အဓိကနေရာတွေမှာ ပါဝင်နေပါတယ်။

မန်ယူ အသင်းရဲ့ ပဲ့ကိုင်ရှင် ကြီး Louis van Gaal ဟာ အသင်းရဲ့ အလယ်တန်းကို အဆင့်မြှင့်တင်ထားတဲ့ ကစားကွက် အသစ်အတွက် လူသစ်တွေခေါ်ယူဖို့ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ Schweinsteiger နဲ့ Schneiderlin တို့ ၂ ယောက်ဟာ မန်ယူ အသင်းခေါ်ယူပြီးသားဖြစ်တဲ့ အလယ်တန်းတိုက်စစ် ကစားသမား Memphis Depay ၊ နောက်တန်းကစားသမား Matteo Darmian တို့နဲ့ အတူ ကစားကွက် သစ်ကို ပုံဖော်ကြမှာပါ။ van Gaal ယခု အပြောင်းအရွှေ့ကာလ အတွင်းမှာတင် စတာလင်ပေါင် ၇၈ သန်း တိတိ သုံးစွဲပြီး ဖြစ်ပါတယ်။

မန်ယူ အသင်းရဲ့ ကပ္ပတိန် လည်းဖြစ်တဲ့ Wayne Rooney ကတော့ ထို ပြောင်းရွှေ့လာတဲ့ လူသစ်တွေဟာ အသင်းအတွက် အမှန်တစ်ကယ် လိုအပ်နေသူတွေ ဖြစ်ကြပြီး ကစားကွက် အသစ်ဟာလည်း မန်ယူ အသင်းကို ဖလားနောက်တစ်ကြိမ် ပြန်ရဖို့အတွက် အခွင့်အရေးတစ်ရပ်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ မန်ယူ အသင်းဟာ ဘာဖလား မှ မရခဲ့တဲ့ ၂ နှစ်ရှိနေပါပြီ။

"Bastian ဟာ တစ်ကယ်တော်တဲ့ ကစာသမားတစ်ယောက်ပါ။ သူဟာ ဘိုင်ယန်မြူးနစ် လို အသင်းကို စွန့်ခွာလာပြီး ကျွန်တော့်တို့ကို ပူးပေါင်းတာ ကောင်းပါတယ်။ Morgan လည်းတူတူပါပဲ။ Matteo နဲ့ Memphis ရောဆိုရင်တော့ ကစားကွက်က အရမ်းကောင်းသွားပါပြီ။ Bastian ဟာ အင်္ဂလိပ် စကားလည်း ကောင်းစွာ ပြောတတ်တဲ့အတွက် အပေးအယူ ညီလာတော့မှာပါ" လို့ Rooney က ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment