Powered by Blogger.

ဆန်းဒါးလန်း အသင်း ကို အပြီးတိုင် ပြောင်းရွှေ့လာတဲ့ Jeremain Lens





နယ်သာလန် တိုက်စစ်မှုး Jeremain Lens ဟာ ဒိုင်နမိုကိရက်ဗ် အသင်းကနေ ဆန်းဒါးလန်း အသင်းကို ပြောင်းရွှေ့မှု ပြီးစီးသွားခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှုးဟာ ဆန်းဒါးလန်း အသင်းရဲ့ ပြောင်းရွှေ့ကြေး ၈ သန်း ကို လက်ခံခဲ့ပြီးတဲ့နောက်မှာ ၀ယ်ဆိုက်ဒ် ကလပ် အသင်းနဲ့ ၄ နှစ် သဘောတူစာချုပ်ချုပ်ဆိုခဲ့တာပဲ ဖြစ်ပါတယ်။

တောင်ပံ မှာလည်းကစားနိုင်ပြီး တိုက်စစ်မှာလည်း ထူးချွန်တဲ့ Lens ဟာ ဆန်းဒါးလန်း အသင်း ရဲ့ နည်းပြချုပ်ဖြစ်သူ David Advocaat နဲ့ ပီအက်စ်ဗွီ အသင်းမှာ ရော အေဇက်အယ်လ်ခမား အသင်း မှာပါ အတူတူလက်တွဲ အလုပ်လုပ်ခဲ့သူ ဖြစ်တဲ့အတွက် ဆန်းဒါးလန်း အသင်းမှာလည်း နည်းပြချုပ်နဲ့ အဆင်ပြေနေဦးမယ့်ကစားသမား တစ်ယောက်ပဲ ဖြစ်ပါတယ်။

"ကျွန်တော်တို့ အပြည်ပြည်ဆိုင်ရာ ကစားသမား တစ်ယောက်ကို စာချုပ်ချုပ်နိုင်ခဲ့ပါတယ်။ သူ့ကိုဆန်းဒါဒလန်း အသင်းက ကြိုဆိုနေပါတယ်" လို့ Advocaat က ဆိုပါတယ်။

Lens ဟာ ဥရောပ မှာ လူသိများတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး နယ်သာလန် လက်ရွေးစင် အသင်းအတွက်လည်း ပွဲ ၃၀ ကျော် ကစားပေးပြီးဖြစ်ပါတယ်။ သူ့ရဲ့ ကစားပုံဟာ မြန်ဆန်ပြီး သူကစားတဲ့နေရာကနေ ရအောင် ဂိုးသွင်းယူတတ်သူ တစ်ယောက် ဖြစ်တဲ့အတွက် အသင်း ကို ကူညီနိုင်မယ့် ကစားသမား တစ်ယောက်ဖြစ်တယ်လို့လည်း Advocaat က ချီးကျူးထားပါသေးတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment