Powered by Blogger.

အာစင်နယ် အသင်းရဲ့ အဝေးကွင်း ဂျာစီ အသစ်ကို စတင်မိတ်ဆက်




ပရီးမီးယားလိဂ် ထိပ်တန်း ကလပ် အသင်း ၁ သင်းဖြစ်တဲ့ အာစင်နယ် အသင်းဟာ နောက်နှစ်ဘောလုံးရာသီမှာ ၀တ်ဆင်မယ့် အဝေးကွင်း ဂျာစီ အသစ်ကို မိတ်ဆက်ပြသခဲ့ပါတယ်။

အာစင်နယ် အသင်းဟာ ရွှေရောင်နဲ့ ရေတပ် အပြာရောင်တို့ကို ပေါင်းစပ်ထားတဲ့ ထိုဂျာစီအသစ်ကို စင်္ကာပူ မှာ ကျင်းပခဲ့တဲ့ ရာသီအကြို ခြေစမ်းပွဲမှာ တရားဝင် စတင်ဝတ်ဆင့်ကြမှာ ဖြစ် ပါတယ်။ ထိုပွဲစဉ်မှာတော့ အာစင်နယ် အသင်းမှာ ပရိတ်သတ် အင်အား အခိုင်မာ ရှိထားတဲ့ ဘောလုံးသမား တွေဖြစ်ကြတဲ့ Petr Cech ၊ Santi Cazorla နဲ့ Mesut Ozil တို့ကလည်း ဂျာစီအသစ်ကို ၀တ်ဆင်ပြမှာ ဖြစ်တဲ့ အတွက် ပရိတ်သတ်တွေကလည်း လက်ခံလာကြဦးမှာပါ။

ထို ဂျာစီရဲ့ ရှေ့ဘက်နဲ့ ကျောဘက်တွေမှာ ရေတပ်အပြာရောင် စိန်တုံး ပုံစံကို တပ်ဆင်ထားပြီး ကျန် အကျီ အစိတ်အပိုင်းအားလုံးကိုတော့ ရွှေရောင် ချုပ်လုပ်ထားပြီး ဘောင်းဘီကိုတော့ အပြာရောင် နဲ့ ပြုလုပ်ထားပါတယ်။ ဂိုးသမား ၀တ်စုံကတော့ ပိုမို အနက်ဘက်ရောက်ပြီး အကျီင်္ရဲ့ အထက်ပိုင်းမှာ ရွှေရောင် ရေပြင်ညီ လိုင်း ၂ လိုင်း ကို တပ်ဆင်ထားပါတယ်။

အာစင်နယ် အသင်းဟာ သူတို့ရဲ့ ရာသီ အကြိုခြေစမ်းပွဲတွေကို မနက်ဖြန်မှာ စတင်တော့မှာ ဖြစ်ပြီး သူတို့ဟာ Barclay Asia ပြိုင်ပွဲအတွက် စင်္ကာပူ လက်ရွေးစင် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ပဲ ဖြစ်ပါတယ်။ အာစင်နယ် အသင်းရဲ့ တိုက်စစ်မှုး တစ်ယောက်ဖြစ်တဲ့ Olivier Giroud ကတော့ ထို ဂျာစီ အသစ်စတင်ထုတ်လုပ်ခြင်းအတွက် ကြော်ငြာမော်ဒယ်လ် ဖြစ်လာခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment