Powered by Blogger.

မန်ယူကို စွန့်ခွာမှာမဟုတ်ဘူးလို့ဆိုလိုက်တဲ့ Victor Valdes




လက်ရှိ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂိုးသမား Victor Valdes ဟာ ကမ်းလှမ်းမှုတွေကို ပယ်ဖျက်သွားမှာဖြစ်ပြီး လာမယ့်ဘောလုံးရာသီအတွက် အိုးထရက်ဖို့ဒ်ကွင်းမှာပဲ နေရာရဖို့ ဆက်လက်ကြိုးစားသွားမှာ ဖြစ်တယ်လို့ သူ့ရဲ့ အေးဂျင့်က ဆိုလိုက်ပါတယ်။

တူရကီ ကလပ် အသင်း တစ်သင်းဖြစ်တဲ့ Antalyaspor ကတော့ ဘာစီလိုနာ ဂိုးသမားဟောင်းဖြစ်တဲ့ Victor Valdes ကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးညှိနှိုင်းမှု တွေ လုပ်နေတယ်လို့ ပြောထားပေမယ့်လည်း Valdes ကတော့ မန်ယူ မှာ ပထမအသင်းရဲ့ ကစားသမားတစ်ယောက်ဖြစ်လာဖို့ ကြိုးစားသွားမှာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ Valdes ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ အပြောင်းအရွှေ့ကာလမှာ မန်ယူ အသင်းကို ၁၈ လ စာချုပ်နဲ့ ရောက်လာခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ၂ ပွဲသာ ပါဝင်ကစားခဲ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် Valdes ရဲ့ အေးဂျင့်ကတော့ Valdes ဟာ ဒီနှစ်နွေရာသီအတွက် အိုးထရက်ဖို့ဒ်ကွင်းမှာပဲ ဆက်လက်ရှိနေဦးမှာ ဖြစ်ပြီး အသင်းနဲ့ သဘောတူထားတဲ့ စာချုပ်သက်တမ်း မကုန်မချင်း မန်ယူမှာပဲ နေရာရဖို့ကြိုးစားသွားမှာ ဖြစ်တယ်လို့ တရားဝင်ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

"Valdes ဟာ မန်ယူနဲ့ တစ်နှစ် စာချုပ်ကျန်နေပါသေးတယ်။ သူ့အနေနဲ့ အသင်းကိုစွန့်ခွာဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်မျိုး မရှိသေးပါဘူး။ မန်ချက်စတာ ယူနိုက်တက် ဟာ ကမ္ဘာ့ အကောင်းဆုံး ၄ သင်းထဲက တစ်သင်း ပါ။ ဒါကြောင့် Valdes ဟာ နောက်နှစ်ဘောလုံးရာသီအတွက် အသင်းမှာ နေရာရဖို့ ပဲ စိတ်ဝင်စားနေပါတယ်။ အသင်းကိုကူညီနိုင်ဖို့အတွက် အကောင်းဆုံး လုပ်ဆောင်ဖို့ သူ့အနေနဲ့ အဆင်သင့်ဖြစ်နေပါပြီ" လို့ Valdes ရဲ့ အေးဂျင့်ဖြစ်သူ Gines Carvajal က AS စပိန် သတင်းစာကို ပြောပြခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment