Powered by Blogger.

ရီးရဲပရိတ်သတ် ၇၀ ရာခိုင်နှုန်းခန့်က David De Gea ကို ခေါ်ယူဖို့ နောက်နှစ်ထိစောင့်စေချင်နေ




ရီးရဲမက်ဒရစ် အသင်းရဲ့ ပရိတ်သတ် ၃ ပုံ ၂ ပုံ ခန့်က ရီးရဲ အနေနဲ့ မန်ယူ ဂိုးသမား David De Gea ကို စာချုပ်ချုပ် ခေါ်ယူဖို့အတွက် နောက်နှစ်နွေရာသီအထိ စောင့်သင့်တယ်လို့ ဆိုလိုက်ကြပါတယ်။

နောက်နှစ် မှာ David De Gea ကို ခေါ်ယူမယ်ဆိုရင် သူတို့ အနေနဲ့ ပြောင်းရွှေ့ကြေး အလွတ် နဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဘာနေဗျူးကွင်း က တာဝန်ရှိသူတွေကတော့ ထို အချက်ကို မေ့ထားပြီး De Gea ကို ဒီနှစ်နွေရာသီ အပြောင်းအရွှေ့ကာလမှာသာ ရအောင် ခေါ်ယူချင်နေကြပါတယ်။

စပိန် လက်ရွေးစင် ဂိုးသမား De Gea နဲ့ အိုးထရက်ဖို့ဒ်ကွင်းနဲ့ ကြားက သဘောတူထားတဲ့ စာချုပ်သက်တမ်းဟာ ၁၂ လ သက်တမ်း ကျန်ရှိနေပါသေးတယ်။ De Gea ကိုယ်တိုင်ကလည်း ရီးရဲ မက်ဒရစ် ကို အရမ်းပြောင်းရွှေ့ချင်နေတဲ့အတွက် မန်ချက်စတာယူနိုက်တက် နဲ့ စာချုပ် အသစ်ထပ်မံ ချုပ်ဆိုမှာ မဟုတ်ပါဘူး။

Marca ဆိုတဲ့ သတင်းဌာန တစ်ခုကတော့ ရီးရဲမက်ဒရစ် အသင်းရဲ့ ပရိတ်သတ်တွေကို မေးခွန်းတစ်ခုမေးပြီး စစ်တမ်းကောက်ယူခဲ့ကြပါတယ်။ "ရီးရဲအနေနဲ့De Gea ကို ဒီနှစ်ခေါ်ယူသင့်လား (သို့) သူ့ကို အလွတ်ပြောင်းရွှေ့ကြေး နဲ့ နောက်နှစ်ထိစောင့်ပြီး ခေါ်ယူသင့်လား" ဆိုတဲ့ မေးခွန်းပါ။

ရီးရဲ မက်ဒရစ် အသင်းရဲ့ ပရိတ်သတ် ၇၀ ရာခိုင်နှုန်း ကျော်ကတော့ နောက်နှစ်ထိစောင့်ပြီး အလွတ်ပြောင်းရွှေ့ကြေး နဲ့ ခေါ်ယူသင့်ပါတယ်လို့ ပြန်လည်ဖြေဆိုခဲ့ကြပြီး ၃၀ ရာခိုင်နှုန်းပဲ အပြောင်းအရွှေ့ ကာလမပြီးဆုံးခင် De Gea ကို အမြန်ခေါ်ယူလိုက်ဖို့ တွန်းအားပေးထားကြပါတယ်။ ရီးရဲအနေနဲ့ ဂန္တ၀င် ဂိုးသမား ဟောင်းဖြစ်တဲ့ Iker Casillas ကို ပေါ်တို အသင်းသို့ ပြောင်းရွှေ့ခွင့်ပေးလိုက်တဲ့အတွက်လည်း နောက်နှစ်ဘောလုံးရာသီအတွက် Keylor Navas တစ်ယောက်ပဲ ဂိုးသမား ကျန်ပါတော့တယ်။

အဲဒီအတွက် ရီးရဲ ပရိတ်သတ်တွေကို Keylor Navas က ရီးရဲဂိုးသမား ဖြစ်လာဖို့ အဆင်သင့်ဖြစ်နေပြီထင်လားဆိုတဲ့ မေးခွန်းကိုလည်း ၇၀ ရာခိုင်နှုန်းက Yes လို့ ဖြေခဲ့ပြီး ၃၀ ရာခိုင်နှုန်းကတော့ No လို့ဖြေခဲ့ကြပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment