Powered by Blogger.

Gareth Bale ကို နေရာ ၃ နေရာ ပြောင်းပြီး စမ်းသပ် ကစားစေခဲ့တဲ့ Rafa Benitez




နောက်နှစ်ဘောလုံးရာသီအတွက် ရီးရဲ တောင်ပံကစားသမား Gareth Bale ကို အသင့်တော်ဆုံးနေရာမှာ ကစားစေနိုင်ဖို့အတွက် နေရာအမျိုးမျိုးမှာ စမ်းသပ်ကြည့်နေပါတယ်။

ဝေးလ်နိုင်ငံ လက်ရွေးစင်ကစားသမား  Gareth Bale ဟာ စပိန်လာလီဂါ ထိပ်တန်း အသင်းတစ်သင်းဖြစ်တဲ့ ရီးရဲမက်ဒရစ် မှာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ခြေစွမ်းမပြနိုင်ပဲ အတော်လေးရုန်းကန်နေခဲ့ရပါတယ်။

ဒါပေမယ့်လည်း ရီးရဲ မက်ဒရစ် အသင်းရဲ့ ပဲ့ကိုင်ရှင်ကြီး Rafa Benitez ကတော့ ရီးရဲမက်ဒရစ် အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ တောင်ပံ ကစားသမား ရဲ့ အိပ်မက်ဆိုးတွေကို ပယ်ဖျက်ပြီး ပြန်လည် ခြေစွမ်းပြလာနိုင်စေဖို့အတွက် ရာသီအကြိုလေ့ကျင့်ရေး မှာ နေရာ ၃ နေရာ မှာ စမ်းသပ် ကစားစေခဲ့ပါတယ်။

Marca သတင်းဌာန ရဲ့ ဖော်ပြချက်အရတော့ Gareth Bale ဟာ လေ့ကျင့်ရေး အစီအစဉ်မှာ ရီးရဲမက်ဒရစ် ရဲ့ ကစားကွက် Formation ပုံစံ သစ်တစ်ခုဖြစ်တဲ့ 4-2-3-1 ကစားကွက်စနစ် မှာ အလယ် ကစားစကွက ဖန်တီးသူ နေရာမှာလည်း စမ်းသပ် ကစားကြည့်ခဲ့ပြီး ထိုနေရာမှ အရင်က ကစားခဲ့တဲ့ Cristiano Ronaldo ကို တော့ ဘယ်တောင်ပံ မှာ ကစားစေခဲ့တယ်လို့ သိရပါတယ်။

Bale ရဲ့ ခြေစွမ်းဟာ Benitez ရဲ့ ကိုင်တွယ်မှု ကစားကွက်ပေါ်မှာ မူတည်နေပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက မက်ဒရစ်မြို့သားတွေရဲ့ အပြစ်တင် ခြင်းတွေ ခံခဲ့ရတဲ့ ရီးရဲ အသင်းဟာ လာမယ့် ဘောလုံးရာသီ လာလီဂါ ချန်ပီယံ ဖြစ်နိုင်ဖို့အတွက် ပြင်ဆင်နေပါပြီ။

ညာနောက်တန်း နေရာအတွက် လည်း ပေါ်တိုအသင်းကို အငှားချထားခဲ့တဲ့ Danilo ကို ပြန်လည်ခေါ်ယူပြီးဖြစ်နေပါပြီ။ တစ်ခုတည်းသော လိုအပ်ချက်ကတော့ ပေါ်တိုအသင်းကို ပြောင်းရွှေ့သွားတဲ့ ဂိုးသမား Casillas နေရာမှာ အစားထိုးမယ့် မန်ယူဂိုးသမား David De Gea ကို ခေါ်ယူဖို့ ကြန့်ကြာနေတာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment