Powered by Blogger.

တော့တင်ဟမ် အသင်းက ချဲလ်ဆီး ကစားသမား Victor Moses ကို စတာလင်ပေါင် ၈ သန်းနဲ့ ကမ်းလှမ်း




တော့တင်ဟမ် အသင်းဟာ ချဲလ်ဆီး အသင်းရဲ့ တောင်ပံ ကစားသမား Victor Moses ကို စတာလင်ပေါင် ၈ သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် တောင်ပံကစားသမား Moses ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ တစ်ခုလုံး စတုတ်စီးတီး အသင်းကို အငှားချခံထားခဲ့ရပါတယ်။ မကြာသေးမီက လီဗာပူး အသင်း က ကမ်းလှမ်းခဲ့ပေမယ့်လည်း Moses ကိုယ်တိုင်က သူကြီးပြင်းပြီး ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘ၀ စတင်ရာ နေရာဖြစ်တဲ့ ချဲလ်ဆီး အသင်းရှိရာ လန်ဒန်မြို့ကို ပဲ ပြန်ချင်တယ်လို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း အခုအချိန်မှာတော့ နိုင်ဂျီးရီးယား လက်ရွေးစင် ကစားသမား Moses အတွက် စတန်းဖို့ဒ်ဘရစ်ခ်ျမှာ အနာဂါတ်မရှိတော့တဲ့ အနေအထား ဖြစ်နေပါတယ်။ချဲလ်ဆီး အသင်းကလည်း သူ့ကို ပြိုင်ဘက် လည်းဖြစ်ပြီး ရန်ညှိုးတွေလည်းရှိတဲ့ တော့တင်ဟမ် အသင်းကို ရောင်းချလိုစိတ် မရှိဘူးလို့ ဆိုထားပါသေးတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုအတွင်း ကလည်း တော့တင်ဟမ် အသင်းရဲ့ ဘောလုံး ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ Frank Arnesen ကို ချဲလ်ဆီးက ခေါ်ယူနိုင်ဖို့ သွေးဆောင် ပြောဆိုခဲ့ဖူးပြီး ၂၀၁၁ ခုနှစ်မှာလည်း တော့တင်ဟမ် အသင်းက Luka Modric ကို ချဲလ်ဆီး သို့ ရောင်းချဖို့ ငြင်းဆိုခဲ့ပြီး ရီးရဲ မက်ဒရစ် ကို ရောင်းချခဲ့တဲ့ ရန်ညှိုးလည်း ရှိနေပါတယ်။

တော့တင်ဟမ် အသင်းကလည်း တောင်ပံကစားသမား တစ်ယောက် လိုအပ်နေပြီး ချဲလ်ဆီး အသင်းရဲ့ ပဲ့ကိုင်ရှင် Jose Mourinho ကလည်း ဘာစီလိုနာ အသင်းက Pedro ကိုခေါ်ယူပြီးရင်တော့ Moses ကို ပြောင်းရွှေ့ခွင့်ပေးမယ်လို့ ဆိုထားပါသေးတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment