Powered by Blogger.

Van Persie ကို ခေါ်ယူဖို့ ဖီနာဘာချီအသင်း တတ်နိုင်သလောက် ကြိုးစားနေ




ဥရောပ ကလပ် အသင်းတစ်သင်းဖြစ်တဲ့ ဖီနာဘာချီ အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှုး Robin van Persie ကို ခေါ်ယူနိုင်ဖို့အတွက် တတ်နိုင်သလောက် ပိုမိုကြိုးစားလာပါတယ်။

တူရကီ ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဖီနာဘာချီ အသင်း ဟာ van Persie ကို ခေါ်ယူနိုင်ဖို့အတွက် မန်ယူ အသင်းက တာဝန်ရှိသူတွေနဲ့ စကားပြောဆို ဆွေးနွေးဖို့ လိုအပ်တယ်ဆိုတာကို သဘောပေါက်ထားပြီးသားပါ။

ဒါကြောင့်လည်း ဖီနာဘာချီအသင်းရဲ့ ဒါရိုက်တာဖြစ်သူ Giuliano Terraneo ဟာ အသက် ၃၁ နှစ်အရွယ် Van Persie အတွက် စာချုပ်ချုပ် ခေါ်ယူနိုင်ရန် ကမ်းလှမ်းဖို့အတွက် လန်ဒန် မြို့မှာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ သွားရောက်ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တောင်ပံ ကစားသမား Nani ဟာ ဖီနာဘာချီ အသင်း ကို ပြောင်းရွှေ့ဖို့ စတာလင်ပေါင် ၄.၅ သန်းနဲ့ ဒီ အပတ်ထဲမှာပဲ သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ပါတယ်။ Robin van Persie ဟာလည်း မကြာမီအချိန်အတွင်းမှာပဲ သူ့ရဲ့ ကစားဖော်ဟောင်း နဲ့ ပူးပေါင်းနိုင်ဖို့ မန်ချက်စတာ မြို့ကနေ အစ္စတန်ဘူလ် မြို့ကို သွားရောက်ရတော့မှာပါ။

မန်ချက်စတာယူနိုက်တက် အနေနဲ့လည်း လာမယ့်နှစ်ဘောလုံးရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် Van Persie အတွက် ပြောင်းရွှေ့ကြေး ကို ပမာဏ များများလိုချင်နေပါတယ်။ Van Persie ဟာ ၂၀၁၂ ခုနှစ်မှာ အာစင်နယ် အသင်းကနေ မန်ယူအသင်းကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၂၄ သန်း နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

မန်ယူ အသင်းဟာ ဟော်လန် လက်ရွေးစင် ကစားသမား Van Persie အတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၁၂ သန်းခန့် လိုချင်နေပြီး ဖီနာဘာချီ အသင်းဘက်ကလည်း သဘောတူညီဖွယ်အနေအထားမှာ ရှိနေပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment