Powered by Blogger.

ှုIsco အတွက် ချဲလ်ဆီး ရဲ့ ကမ်းလှမ်းမှုကို ရီးရဲ ပယ်ချ




Jose Mourinho ဟာ ရီးရဲမက်ဒရစ် ကြယ်ပွင့် Isco ကို စတာလင်ပေါင် သန်း၂၀ နဲ့ ကမ်းလှမ်းတဲ့အခါမှာတော့ ၀ဋ်လည်ကာ ခံလိုက်ရပါပြီ။

ရီးရမက်ဒရစ် အသင်းဟာ ချဲလ်ဆီးအသင်း နဲ့ ဂျူဗင်တပ်စ် အသင်းတို့ရဲ့ Isco နဲ့ ပတ်သက်ပြီး ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပါတယ်။ အဲဒါကတော့ စပိန်နိုင်ငံသား အလယ်တန်း ကစားသမား ကို မရောင်းချင်တဲ့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

Mourinho ဟာ တစ်ဖက်မှာလည်း အသင်းရဲ့ အလယ်တန်းကစားသမား ဘရာဇီးလ်နိုင်ငံသား Oscar ကို ဂျူဗင်တပ်စ် အသင်းကို ရောင်းချပြီး စတေး ပစ်ဖို့ စီစဉ်ထားပါသေးတယ်။ ဒါပေမယ့်လည်း ဂျူဗင်တပ်စ် အသင်းဘက်က ကမ်းလှမ်းလာတဲ့ ဈေးနှုန်းတွေက Mourinho မျှော်မှန်းတဲ့ ဈေးနဲ့ အရမ်းကွာနေတဲ့အတွက် အဆင်မပြေဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်သာရှိသေးတဲ့ Isco ဟာ မာလာဂါ အသင်းကနေ ရီးရဲမက်ဒရစ် အသင်းကို လွန်ခဲ့တဲ့ ၂ နှစ်ကပဲ စတာလင်ပေါင် ၂၃ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမား တစ်ယောက်ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကတော့ မန်ချက်စတာစီးတီးအသင်းဟာလည်း Isco ကို အနီးကပ် စောင့်ကြည့်ပြီး ခေါ်ယူဖို့ ကြိုးစားနေခဲ့ပေမယ့် ရီးရဲမက်ဒရစ်က ခေါ်ယူသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရီးရဲမက်ဒရစ် အသင်းရဲ့ မန်နေဂျာ Rafa Benitez ကလည်း Isco ဟာ သူ ရေးဆွဲထားတဲ့ စီမံကိန်းမှာ ပါဝင်နေတဲ့အတွက် ဒီနှစ်မှာ Isco ကို ရောင်းချလို စိတ်မရှိဘူးဖြစ်နေပါတယ်။ 

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment