Powered by Blogger.

Elvis Presley နေထိုင်ခဲ့တဲ့ အိမ်နားက ပေါင် ၃၅သန်းတန် ဇိမ်ခံစံအိမ်ကြီးကို ငှားရမ်းလိုက်တဲ့ Steven Gerred




Liverpool ကစားသမားဟောင်း Steven Gerrard ဟာ အဲလ်ဗစ် ပရက်စလေ နေထိုင်ခဲ့တဲ့အိမ်နဲ့ အနီးတစ်ဝိုက်က ပေါင် (၁၈)သန်းတန် ခမ်းနားလှပသော ဇိမ်ခံအိမ်ကြီး တစ်အိမ်ကို ငှားရမ်းခဲ့ပါတယ်။

ဇနီးသည်နဲ့အတူ လော့စ်အိန်ဂျလိစ်ကို ပြီးခဲ့တဲ့အပတ်က ရောက်ရှိလာတဲ့ Gerrard ဟာ Beverly တောင်ကုန်းပေါ်မှာ တည်ရှိတဲ့ အိပ်ခန်း ခြောက်ခန်းပါ အဆိုပါ အိမ်ကြီးကို တစ်လ ပေါင် သုံးသောင်းခွဲနဲ့ ငှားရမ်းလိုက်တာ ဖြစ်ပါတယ်။

အိမ်ကြီးဟာဆိုရင် ရေချိုးခန်း ခြောက်ခန်း၊ရေကူးကန် တစ်ကန်၊ ရေပန်းတွေပါတဲ့ ဥယျာဉ်တို့ပါဝင်ပြီး  လော့စ်အိန်ဂျလိစ် မြို့ကြီးကို ရင်သပ်ရှုမောဖွယ် မြင်ကွင်းကျယ် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

၁၂၀၀၀ စတုရန်းပေ ကျယ်ဝန်းတဲ့ အဆိုပါ အိမ်ကြီးမှာ ဧည့်ခန်း သုံးခန်း၊ ရုပ်ရှင်ရုံ တစ်ခုနဲ့ အနုပညာမြောက်စွာ ပြင်ဆင်ထားတဲ့ မီးဖိုချောင် တစ်ခုလည်း ပါဝင်ပါတယ်။ လုံခြုံရေးအတွက်လည်း စိတ်ပူစရာ မလိုပါဘူး။ ခြံအ၀မှာ ဂိတ်တစ်ခုထားထားပြီး သီးသန့် လမ်းကနေ ၀င်ရတာ ဖြစ်ပါတယ်။

အိမ် အတွင်းပိုင်း ပြင်ဆင်မှုတွေဟာ စတီဗင် ဂျရတ် တို့ မိသားစုအတွက် အကောင်းစားကြီး မဟုတ်ပေမယ့်လည်း တောင်ထိပ်မှာ ဆောက်ထားတာဖြစ်ပြီး အဲဗစ် ပရက်စလေ နေထိုင်ခဲ့တဲ့အိမ်နဲ့ မလှမ်းမကမ်းမှာ တည်ရှိတာ ဖြစ်ပါတယ်။

အဲဗစ်က နှစ်လမ်းကျော် Trousdale Estates ခရိုင်မှာပဲ နေထိုင်ခဲ့တာပါ။

အခုဆိုရင် စတီဗင်နဲ့ အဲလက်စ်တို့ဟာ ဖြစ်ကြတဲ့ မင်းသမီးတွေ ဖြစ်ကြတဲ့ Jennifer Aniston ၊  Jane Fonda ၊ ဟောလီးဝုဒ်တီဗီစတား Ellen Degeneres တို့နဲ့ အိမ်နီးချင်းတွေ ဖြစ်နေပါပြီ။ Hugh Hefner ရဲ့ နာမည်မကျော်ကြားတဲ့ စံအိမ်တစ်ခုဟာလည်း ဂျရတ်ဒ်တို့ အိမ်နားမှာပဲ ဖြစ်ပါတယ်။

( TMW )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment