Powered by Blogger.

Playboy မော်ဒယ်လ် နဲ့ လက်ထပ်တော့မယ့် မန်စီးတီး ကစားသမား Martin Demichelis




မန်ချက်စတာစီးတီး အသင်းရဲ့ နောက်တန်း ကစားသမား Martin Demichelis ဟာ သူ့ရဲ့ နှစ်ရှည်တွဲလာခဲ့တဲ့ ချစ်သူ Playboy မော်ဒယ်လ် Evangelina Anderson နဲ့ အာဂျင်တီးနား နိုင်ငံမှာ လာမယ့် စနေ ၊ တနင်္ဂနွေ မှာ လက်ထပ်မယ်လို့ သိရပါတယ်။

အာဂျင်တီးနား လက်ရွေးစင် ကစားသမား Martin Demichelis ဟာ ကိုပါအမေရိက ဖလား ဖိုင်နယ် မှာ ချီလီ အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ခါးသက်သစ် အပြစ်တင် ရှုံ့ချစရာ ကိစ္စရပ်တွေက်ု မေ့ထားပြီး အရင်က Playboy မော်ဒယ်လ် ဟောင်းတစ်ယောက်ဖြစ်တဲ့ Anderson နဲ့ လက်ထပ်ဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်။

သူတို့ ၂ ဦးဟာ ၂၀၀၇ ခုနှစ်ကတည်းက အတူတွဲလာခဲ့ကြတာပါ။အဲဒီအချိန်တုန်းက Demichelis ဟာ ဘိုင်ယန်မြူးနစ် အသင်းမှာပဲ ရှိသေးပြီး သူတို့ ၂ ဦးမှာ အသက် ၆ နှစ်အရွယ် Martin နဲ့ အသက် ၂ နှစ်အရွယ် Lola ဆိုတဲ့ ကလေး ၂ ယောက်လည်း ရှိနေပါပြီ။

Demichelis ဟာ ကိုပါအမေရိက ဖိုင်နယ်ပွဲစဉ်မှာ ချီလီ အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးကတည်း ဘောလုံးကစားခြင်းကို စွန့်လွှတ်တော့မယ်လို့ ပြောခဲ့ပေမယ့်လည်း အသက် ၃၄ နှစ်အရွယ် ကစားသမား Demichelis ဟာ မန်စီးတီး အသင်းမှာပဲ ၁ နှစ်စာချုပ် ထပ်မံ ချုပ်ဆိုထားပါသေးတယ်။

အသက် ၃၂ နှစ်အရွယ် Evangelina Anderson ကတော့ အရင်တုန်းက အကပညာရှင်တစ်ယောက်ဖြစ်ပြီး Playboy အပါအ၀င် အာဂျင်တီးနား မဂ္ဂဇင်းပေါင်းများစွာ အတွက်လည်း အဖော်အချွတ်ပုံတွေ ရိုက်ခဲ့ဖူးပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment