Powered by Blogger.

LA Galaxy အသင်းပရိတ်သတ်တွေရှေ့မှာ Steven Gerrard ကို ပွဲထုတ်မိတ်ဆက်




လီဗာပူး အသင်းရဲ့ ဂန္တ၀င် ကစားသမား ဟောင်း Steven Gerrard ဟာ မေဂျာလိဂ်ကလပ် အသင်း LA Galaxy အသင်း ရဲ့ ပရိတ်သတ်တွေရှေ့မှာ ၄ ရက် နေ့က ပထမဆုံး ပွဲဦးထွက်မိတ်ဆက် ခဲ့ပါတယ်။ မိတ်ဆက်တဲ့နေ့မတိုင်ခင်တုန်းကတော့ La Galaxy ပရိတ်သတ်တွေကို Gerrard က ဘီယာ ပုလင်း ၅၀၀ ၀ယ်တိုက်ခဲ့ပါသေးတယ်။

ဇူလိုင် ၄ ရက်နေ့က အမေရိကန်လွတ်လပ်ရေးနေ့ ကို ဂုဏ်ပြုတဲ့အနေနဲ့ Gerard ဟာ ပရိတ်သတ်တွေရှေ့မှာ မိတ်ဆက်ခဲ့တာ ပဲ ဖြစ်ပါတယ်။

အသင်းက ထုတ်ပြန်ခဲ့တဲ့ မက်ဆေ့ဂ်ျထဲမှာတော့ Gerrard ဟာ "ပရိတ်သတ်တွေဟာ ကလပ်အသင်းတစ်သင်းရဲ့ သွေးကြောတွေပဲဖြစ်ပြီး ပရိတ်သတ်တွေရဲ့ အားပေးမှုနဲ့ ကျွန်ုပ်တို့ဟာ မေဂျာလိဂ်ဖလားအတွင် ထပ်မံယှဉ်ပြိုင်နိုင်မယ်လို့ကျွန်တော်ယုံပါတယ်" လို့ ရေးသားဖော်ပြထားခဲ့ပါတယ်။

အဲဒီ မက်ဆေ့ဂ်ျကို ပရိတ်သတ်ထံအရောက်ပို့ခဲ့တဲ့နေ့ညမှာပဲ ကယ်လီဖိုးနီးယားမှာ ရှိတဲ့ Stubhub စင်တာ ဘောလုံးကွင်းကြီးထဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ LA Galaxy နဲ့ Toronto FC တို့ရဲ့ ပွဲစဉ် ပထမပိုင်းအပြီးမှာပဲ အသက် ၃၄ နှစ်အရွယ် Steven Gerrard ကို LA Galaxy အသင်းရဲ့ ဥက္ကဋ္ဌ Chris Klein ကိုယ်တိုင် ပရိတ်သတ်တွေရှေ့မိတ်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

Gerrard ရဲ့ ဇနီးဖြစ်သူ Alex ကတော့ LA Galaxy အသင်းကို ရောက်နှင့်နေတဲ့ Robbie Keane ရဲ့ ဇနီးသည် Claudine နဲ့ အတူ အထူးပွဲကြည့်စဉ်ကနေ ကြည့်ရှုနေခဲ့ပါတယ်။

ထို အမေရိကန်လွတ်လပ်ရေးနေ့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ LA Galaxy အသင်းနဲ့ Toronto FC အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ LA Galaxy အသင်းက ပြိုင်ဘက် အသင်းကို ၄ဂိုး - ဂိုးမရှိ နဲ့ အနိုင်ရခဲ့ပြီး အနိုင်ဂိုးတွေထဲက ၃ ဂိုးကို Robbie Keane က ဟက်ထရစ် သွင်းယူပေးခဲ့ရာ ကျန်တဲ့ အနိုင်ဂိုး ၁ ဂိုး ကိုတော့ ၀က်စ်ဟမ်းအသင်းကနေ ပြောင်းလာတဲ့ Sebastian Lletget က သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

Gerrard ဟာ အင်္ဂါနေ့မှာစတင်ကာ ထရိန်နင်ဆင်းမှာ ဖြစ်ပြီး ဇူလိုင်လ ၁၇ ရက်နေ့မှာ ယှဉ်ပြိုင်မယ့် San Jose Earthquakes နဲ့ ပွဲစဉ်မှာတော့ Gerrard က ပွဲဦးထွက် ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment