Powered by Blogger.

ဝက်စ်ဟမ်းအသင်း က Alex Song ကို ခေါ်ယူနိုင်ဖို့ မျှော်လင့်နေ




ဝက်စ်ဟမ်း အသင်းဟာ ဒီတစ်ပတ်မှာတော့ Alex Song ကို အပြီးသတ်ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

လန်ဒန်အရှေ့ပိုင်း ဘောလုံး အသင်း ၀က်စ်ဟမ်း ဟာ ၂၇ နှစ်အရွယ် အလယ်တန်းကစားသမား Alex Song ကို စတာလင်ပေါင် ၆ သန်းနဲ့ ခေါ်ယူနိုင်ဖို့အတွက် စပိန် ထိပ်သီး အသင်း ဘာစီလိုနာ နဲ့ သဘောတူညီမှု ရရှိတော့မှာပါ။

Alex Song ဟာ မနှစ်ကတည်းက ဘာစီလိုနာ အသင်းကနေ ၀က်စ်ဟမ်း အသင်းထံသို့ အငှားချခံထားရတာ ဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ ၀က်စ်ဟမ်း အသင်းက Alex Song ကို ၀ယ်ယူဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

ကင်မရွန်း လက်ရွေးစင် အသင်း ရဲ့ အလယ်တန်း ရော နောက်တန်းပါ ခြေစွမ်းပြနိုင်တဲ့ ကစားသမား Alex Song ဟာလည်း ဥရောပ ချန်ပီယံ အသင်းသစ် ဘာစီလိုနာမှာ ဆက်လက် ကစားဖို့ လိုအပ်ချက်တွေရှိနေသေးတဲ့အတွက် လန်ဒန်ကို ပြောင်းရွှေ့ချင်နေတာပဲ ဖြစ်ပါတယ်။

အရင်တုန်းက အာစင်နယ် အသင်းမှာ ကစားခဲ့ဖူးတဲ့ Alex Song ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ညက Upton Park ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၀က်စ်ဟမ်း အသင်းနဲ့ အက်ဖ်စီလူစီတန် အသင်းတို့ရဲ့ ယူရိုပာ လိဂ် ပထမအဆင့် ခြေစစ်ပွဲ  ပွဲစဉ်မှာလည်း ပွဲကြည့်စင်ပေါ်ကနေ ၀က်စ်ဟမ်း အသင်းကို အားပေးနေခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်း ဟာ Alex Song ကို ခေါ်ယူနိုင်ဖို့ကြိုးစားနေသလို တစ်ဖက်မှာလည်း အာစင်နယ် အသင်းကနေ ညာနောက်ခံလူ Carl Jenkinson ကို နှစ်ရှည် အငှား စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီးပါပြီ။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment