Powered by Blogger.

ရုန်းရင်းဆန်ခတ်တိုက်ခိုက်မှုနှင့် ပတ်သတ်ပြီး အဲဗာတန် ပရိသတ်များ အထိန်းသိမ်းခံရ




ဘားတစ်ခုရဲ့ အပြင်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်တိုက်ခိုက်မှုအတွက် အလိုရှိနေသော အဲဗာတန်အသင်း ပရိသတ်တွေကို Scotland Yard ရဲတပ်ဖွဲ့က မနက်ခင်း ကင်းလှည့်နေရင်း ဖမ်းဆီးမိခဲ့ပါတယ်။

Liverpool , Wirrl နဲ့ Warrington တစ်ဝိုက်က အမျိုးသား ခြောက်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ပါတယ်။

၎င်းတို့ထဲတွင် အသက် ၁၅ နှစ်အရွယ်မှ ၄၅ နှစ်အရွယ်ထိ ပါဝင်ကြပါတယ်။ Scotland Yard ရဲတပ်ဖွဲ့ က Crawley, Sussex မှာ ဖြစ်ပွားခဲ့တဲ့ စစ်တပ်ကိုစော်ကားမှု ၊ စည်းကမ်းဖောက်ဖျက်မှုတို့နှင့် သက်ဆိုင်တဲ့ အသက် (၂၄) နှစ်အရွယ် အမျိုးသားတစ်ယောက်ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

မေလ (၁၆) ရက်၊ ညနေ ၆နာရီက လန်ဒန်မြောက်ပိုင်းက Caledonian လမ်းပေါ်မှာ ရှိတဲ့ Millers ဘားရှေ့မှာ အယ်ဗာတန် ပရိသတ် အယောက် (၃၀) ခန့်က နယူးကာဆယ်နဲ့ ဟားလ်စီးတီး ပရိသတ်တွေကို တိုက်ခိုက်ခဲ့တဲ့ အမှုအတွက် ဖမ်းဆီးခံရခြင်း ဖြစ်ပါတယ်။

အခင်းဖြစ်ပွားတဲ့နေ့က အဆိုပါ အသင်း ၃သင်းလုံး ကစားပွဲတဲ့ ရှိခဲ့တဲ့နေ့ ဖြစ်ပြီး လမ်းသွားလမ်းလာတွေရဲ့ ပြောကြားချက်အရ အခင်းဖြစ်ပွားရာမှာ ဖန်ခွက်တွေကို အသုံးပြုကြပြီး လက်သီးနဲ့ထိုးတာ ၊ ခြေထောက်နဲ့ ကန်တာတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ အသက် (၅၁) နှစ်အရွယ် အမျိုးသားတစ်ဦးကတော့ ဦးခေါင်း ဒဏ်ရာနဲ့ ဆေးရုံရောက်သွားခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ အမျိုးသား (၇) ဦးစလုံးကို အာမခံနဲ့ ပြန်လွှတ်လိုက်ပြီး ဆက်လက် စုံစမ်းမှုတွေ ပြုလုပ်လျက် ရှိပါတယ်။

( TMW )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment