Powered by Blogger.

Nike ရဲ့ ကြော်ငြာ အစီအစဉ်သစ်မှာ Wayne Rooney ပါဝင်သရုပ်ဆောင်




မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှုး Wayne Rooney ဟာ Nike အားကစားပစ္စည်းထုတ်လုပ်ရေး ကုမ္မဏီ ရဲ့ ကြော်ငြာ အစီအစဉ် သစ်တစ်ခုဖြစ်တဲ့ "So Fast" အစီအစဉ်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းရဲ့ တိုက်စစ်မှုးလည်းဖြစ်တဲ့ Wayne Rooney ဟာ ထို ကြော်ငြာထဲမှာတော့ ပြိုင်ဘက်ကစားသမား ခြေထောက်အောက် က ဘောလုံးကို လျှောထိုး ဖြတ်ထုတ်ပြီး ဘောလုံးကို ရယူကာ Waye Rooney ရဲ့ အရင်တုန်းက အိုက်တင်နဲ့ပဲ သူ့ရဲ့ ပြိုင်ဘက်ဖြစ်သူကို "သိပ်မမြန်ပါဘူးကွာ" လို့ ပြောလိုက်တဲ့ အခန်းပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီကြော်ငြာထဲမှာတော့ ပါဝင်သရုပ်ဆောင်ထားတဲ့ ထိပ်တန်း အားကစား ကြယ်ပွင့်ဟာ Wayne Rooney တစ်ယောက်ထဲမဟုတ်ပါဘူး။ Nike ဟာ အကောင်းဆုံးနဲ့ အတော်ဆုံး အားကစားသမားတွေကို သူတို့ရဲ့ကြော်ငြာထဲမှာ ပါဝင်သရုပ်ဆောင်စေခဲ့ပါတယ်။

ဘတ်စကတ်ဘော စူပါစတား Kobe Bryant ၊ တာဝေးအပြေးသမား Mo Farah နဲ့ တင်းနစ် ချန်ပီယံ Rafael Nadal နဲ့ Serena Williams တို့ဟာလည်း ထိုကြော်ငြာထဲမှာ ပါဝင်သရုပ်ဆောင် ထားတဲ့ အားကစားသမားတွေပဲ ဖြစ်ပါတယ်။

Nike ရဲ့ ပြောကြားချက်အရတော့ ဒီကြော်ငြာဟာ လျင်မြန်ခြင်းရဲ့ နွေရာသီအတွင်း အားကစားသမားတွေကို အရှိန်အဟုတ်မြှင့်စေလိုတဲ့ စိတ်ကူးပဲ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ကြော်ငြာ အစီအစဉ်တွေမှာ အိုက်တင်စကေးလ် ကိုပြသခဲ့တဲ့ အင်္ဂလန် အားကစားသမားဟာ Wayne Rooney တစ်ယောက်ထဲတော့ မဟုတ်ပြန်ပါဘူး။ အင်္ဂလန် ဂန္တ၀င် ကစားသမား တစ်ယောက်ဖြစ်တဲ့ David Beckham ဟာလည်း ဒီတစ်ပတ် အစောပိုင်းကပဲ ဖုန်းကြော်ငြာတစ်ခုမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။



( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment