Powered by Blogger.

NYCFC အသင်းမှာ ထရိန်နင် စဆင်းနေပြီဖြစ်တဲ့ Frank Lampard




အင်္ဂလန် နိုင်ငံသား Frank Lampard ဟာ New York City FC နဲ့စာချုပ်ချုပ်ပြီး တစ်နှစ်အကြာမှာမှ အသင်းမှာ စတင်ပြီး လေ့ကျင့်ရေး တွေ ဆင်းနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ချဲလ်ဆီးရဲ့ ဂန္တ၀င် အလယ်တန်း ကစားသမား Frank Lampard ဟာ ၂၀၁၃-၁၄ ဘောလုံးရာသီမှာ ချဲလ်ဆီးအသင်းနဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျကွင်းကြီး ကို စွန့်ခွာပြီး မကြာမီမှာပဲ NYCFC နဲ့ စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ဘောလုံးရာသီတစ်ခုလုံးမှာတော့ Lampard ဟာ မန်ချက်စတာစီးတီး အသင်း ကို ပြန်လည် အငှားချခံထားခဲ့ရတာဖြစ်ပါတယ်။ Lampard ဟာ အချိန်များစွာ ပရီးမီးယားလိဂ် အတွေ့အကြုံတွေရရှိထားပေမယ့်လည်း မေဂျာလိဂ် အတွေ့အကြုံ အသစ် ရ ဖို့အတွက် ဇူလိုင် ၁၂ ရက်နေ့မှာ ယှဉ်ပြိုင်မယ့် Toronto FC နဲ့ ပွဲစဉ်အတွက် အခုတော့ ထရိန်နင် ဆင်းနေပြီဖြစ်ပါတယ်။

Lampard ဟာ သူ့ရဲ့ Instagram မှာ ထရိနင်ကွင်းထဲ သူ့ရဲ့ ပထမဆုံး လေ့ကျင့်ရေး လှုပ်ရှားမှု တွေရဲ့ ဓါတ်ပုံတစ်ပုံ ကို တင်ထားခဲ့ပြီး ထိုဓါတ်ပုံထဲမှာတော့ ဘာစီလိုနာ နဲ့ စပိန် တိုက်စစ်မှုး ဟောင်း David Villa ကိုလည်း Lampard ရဲ့ ဘေးမှာ တွေ့လိုက်ရပါတယ်။

"@Davidvilla နဲ့ အတူပထမဆုံးထရိန်နင်ဆင်းတဲ့နေ့။ငါ့ကိုကြိုဆိုခဲ့ကြတဲ့ သူနဲ့ အားလုံးကိုကျေးဇူးတင်ပါတယ်။ငါမင်းတို့နဲ့အတူစတင်ဖို့မစောင့်နိုင်တော့ဘူး!#nycfc" လို့ Lampard က Instagram မှာ ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်တုန်းကလည်း New York Red Bulls အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ မြို့ခံဒါဘီပွဲစဉ်မှာလည်း Frank Lampard က NYCFC အတွက် ကစားပေးခဲ့ပြီး ထိုပွဲစဉ်မှာတော့ ဂျူဗင်တပ်စ် အသင်းကနေ NYCFC အသင်းကို ပြောင်းရွှေ့လာတဲ့ ကစားသမား Andrea Pirlo နဲ့တော့ တွဲဖက် ကစားသမားတွေဖြစ်ခဲ့ပါသေးတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment